Bow ကို အသေးအဖွဲလေးကအစ အရိပ်တကြည့်ကြည့် ဂရုစိုက်နေခဲ့တဲ့ Alek

Bow ကို အသေးအဖွဲလေးကအစ အရိပ်တကြည့်ကြည့် ဂရုစိုက်နေခဲ့တဲ့ Alek

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ပြီးနောက်မှာတော့ Alek Teeradetch နဲ့ Bow Maylada တို့ နှစ်ယောက်ဟာ အရမ်းကို ရင်းနှီးချစ်ခင်နေကြပြီး ချစ်စရာကောင်းနေခဲ့ကြပါတော့တယ်။

အထူးသဖြင့် မင်းသားနဲ့ မင်းသမီးတို့ဟာ စုံတွဲတွေအဖြစ် ခရီးထွက်လေ့ရှိပြီး အမှတ်တရသစ်တွေကို အတူတူ ဖန်တီးကြလေ့ရှိတာကို ပရိသတ်တွေက မကြာခဏ မြင်တွေ့ခဲ့ရတာပါ။

လတ်တလောမှာတော့ Alek ရဲ့ Bow အပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးနေတဲ့ video လေးတစ်ခုဟာ IG နဲ့ Tik Tok မှာ ပြန့်နှံ့လို့နေခဲ့ပြီး ချစ်သူလေး Bow ရဲ့ ခြေလှမ်းတိုင်းကို ရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတဲ့ Alek ကို မြင်တွေ့ခဲ့ကြရလို့ ပရိသတ်တွေက ဝမ်းသာကြည်နူးနေခဲ့ကြပါတယ်။

ဒီဗီဒီယိုဖိုင်လေးဟာ Bow တစ်ယောက် နိုင်ငံခြားကို ရိုက်ကူးရေးသွားလုပ်ရချိန်မှာ လေယာဉ်ပေါ် မတက်မီ အချိန်တုန်းကပါ။

Alek ကတော့ သူ့ချစ်သူလေးကို တခြားသူတွေနဲ့ မထိမိစေဖို့၊ လိုအပ်တာတွေ စုံလင်ရဲ့လား စစ်ဆေးကြည့်ဖို့၊ မင်းလုပ်နိုင်ပါတယ်ဆိုပြီး ခေါင်းလေးကို ပွတ်သပ်ပေးနေတာမျိုးနဲ့ လက်လေးကို ဆုပ်ကိုင်ထားခဲ့တာမျိုးတွေကအစ အသေးအမွှားလေးတွေကို ဂရုစိုက်ခဲ့ပါတယ်။

ဒီလိုမျိုး Alek ရဲ့ အဓိပ္ပါယ်လေးနက်နေတဲ့ ချစ်ခြင်းမေတ္တာတွေကို ထင်ဟပ်စေမယ့် အမူအရာတွေဟာ ပရိသတ်တွေကို သဘောကျ ကြည်နူးနေစခဲ့ပြီး အထူးသဖြင့် Bow လေယျာဥ်ပေါ် တက်သွားခဲ့ချိန်မှာ Alek တစ်ယောက် ငေးကြည့်ရင်း ငိုင်တိုင်တိုင်လေး ကျန်ခဲ့ပုံတို့က ပရိသတ်တွေအတွက်တော့ မမေ့နိုင်ဖွယ်ရာ ချစ်ဇာတ်ဝင်ခန်းလေးတစ်ခု ဖြစ်ခဲ့ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *