ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ကမ္ဘာတစ်ဝန်း ကျော်ကြားမှု အမြင့်ဆုံး ထိုင်းမင်းသားငယ်များ
နိုင်ငံတကာက ပရိတ်တွေကြားမှာ ထိုင်းဝက်ဘ်စီးရီးလေးတွေ ရေပန်းစားသလို ပျော်တတ်ပြီး ချောမောခန့်ညားလွန်းတဲ့ ထိုင်းမင်းသားလေးတွေဟာလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲပါပဲ။ အခုဖော်ပြပေးသွားမှာကတော့ Thai Update ရဲ့ သုတေသနတွေအရ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ကမ္ဘာတစ်ဝန်းကျော်ကြားမှုအမြင့်မားဆုံး ထိုင်းမင်းသားလေးတွေပဲ ဖြစ်ပါတယ်။
1. Bright Vachirawit
ဒီနှစ်မှာ Bright က သူ့ရဲ့ကျော်ကြားမှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ခဲ့ပါတယ်။ “F4 Thailand: Boys Over Flowers” နဲ့ “Astrophile” စတဲ့ ဒရာမာတွေ ပါဝင်သရုပ်ဆောင်ထားပြီး ဩဂုတ်လလယ်လောက်မှာ သီချင်းသစ် “Lost & Found” ကို ဖြန့်ခဲ့ပြီး YouTube မှာ ကြည့်ရှုသူ 1,012,438 အထိ ရှိနေပါပြီ။
2. Win Metawin
Win Metawin အတွက် ၂၀၂၂ က ထူးခြားတဲ့ နောက်ထပ်နှစ်တစ်ခုပါပဲ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “F4 Thailand: Boys Over Flowers” နဲ့ “Devil Sister” တို့က ပရိသတ်တွေဆီက ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေ ရရှိခဲ့သလို ပြည်တွင်းပြည်ပ နာမည်ကျော် ထုတ်ကုန်အမှတ်တံဆပ်တွေနဲ့လည်း လက်တွဲခွင့် ရရှိခဲ့ပါတယ်။
3. Nanon Korapat
မင်းသား Nanon Korapat က ထိုင်းအနုပညာနယ်ပယ်မှာ ပါရမီရှိတဲ့ မင်းသားငယ်တစ်လက်လို့အသိအမှတ်ပြုထားကြပါတယ်။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် “SLR” ကို ဒီနှစ် ဧပြီလက ရုံတင်ပြသခဲ့ပြီး သိပ်မကြာခင်မှာ “UMG” နဲ့ “Dirty Laundry” စတဲ့ စီးရီးသစ်များလည်း ထွက်ဖို့ရှိပါတယ်။
4. Mew Suppasit
Mew Suppasit ကတော့ ဒီနှစ်ထဲမှာ အချိန်ဇယားတွေ ကြပ်နေခဲ့တာပါ၊ “Love is Like a Cat”, “Love Me Again”, “The Ocean Eyes”, နဲ့ ONE 31 က ဒရမာဇာတ်ကားသစ် တစ်ခုအပါအဝင် ပရောဂျက်များစွာနဲ့ မအားမလပ်နိုင်တဲ့အထိပါပဲ။
5. Apo Nattawin နဲ့ Atthaphan Phunsawat
Apo Nattawin ဟာ “KinnPorsche” စီးရီးနဲ့ ဒီနှစ်ထဲမှာ ကျော်ကြားမှုတွေရရှိလာတဲ့ မင်းသား တစ်လက်ဖြစ်ပါတယ်။ သတင်းတွေအရ နောက်နှစ်မှာ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့လည်း ရှိပါတယ်။
Atthaphan Phunsawat ရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ချင်ရင်တော့ သူ့ကို “The Three Gentle Bros” နဲ့ “Club Sapan Fine 2” စီးရီးတွေနဲ့ မြင်တွေ့ရဖို့ ရှိပါတယ်။
တခြားသော ထိုင်းမင်းသားငယ်လေးတွေကတော့
6. Gulf Kanawut
7. Ohm Pawat
8. Krist Perawat နဲ့ Saint Suppapong
9. Mile Phakphum, PP Krit နဲ့ Billkin Puttipong
10. Earth Pirapat, Tay Tawan နဲ့ New Thitipoom
Soya