ဖခင်နေရာကိုရောက်ရှိသွားပြီဖြစ်တဲ့ Super Junior အဖွဲ့ဝင်ဟောင်း Hangeng

တစ်ချိန်တုန်းက K-pop ဖျော်ဖြေရေးနယ်ပယ်မှာ အောင်မြင်စွာရပ်တည်လှုပ်ရှားခဲ့ဖူးတဲ့ Super Junior အဖွဲ့ဝင်ဟောင်း Hangeng ဟာ အခုဆိုရင် သူ့ရဲ့ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးလေးကို အောင်မြင်စွာ ပိုင်ဆိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။
ဒီအကြောင်းကိုတော့ Hangeng က သူ ကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် သူတို့မိသားစု ၃ ယောက်ရိုက်ကူးထားတဲ့ ပုံလေးတစ်ပုံနဲ့အတူ စက်တင်ဘာလ ၉ ရက်နေ့ မနေ့တုန်းက အသိပေးကြေညာခဲ့တာဖြစ်ပြီး ယင်းပုံထဲမှာဆိုရင် ရင်သွေးလေးကို Hangeng ရဲ့ ဇနီးသည် Celina Jade ကထွေးပွေ့ထားကာ Hangeng ကိုလည်း အမြတ်တနိုးနဲ့ နမ်းရှုံ့နေတာကို တွေ့မြင်ရပါတယ်။
Hangeng ဟာဆိုရင် ၂၀၀၅ ခုနှစ်မှာ Super Junior ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့ပေမယ့်လည်း အဲဒီနောက် ၂၀၀၉ ခုနှစ်မှာတော့ SM Entertainment နဲ့ တရားရင်ဆိုင်မှုဖြစ်ပွားခဲ့တာကြောင့် မွေးရပ်မြေဖြစ်တဲ့ တရုတ်နိုင်ငံဆီကိုပြန်လာခဲ့ပြီး အနုပညာအလုပ်တွေကို တစ်ကိုယ်တော် ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး Celina Jade နဲ့ကတော့ ချစ်သူတွေဖြစ်နေကြောင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ အသိပေးကြေညာခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တော့ ဆွစ်ဇာလန်နိုင်ငံမှာ တရားဝင်လက်ထပ် မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
Ref : Allkpop
Nemo