သမီးလေးရဲ့အဝေးမှာ တစ်သက်လုံး နေသွားရဖွယ်ရှိတဲ့ Yang Mi

Hawick Lau နဲ့ Yang Mi တို့ ကွာရှင်းပြီးနောက် ၂၀၁၈ ခုနှစ်မှစ၍ သူတို့ရဲ့ သမီးငယ်လေး Noemie Lau ဟာ Hawick Lau ရဲ့ မိဘများ စောင့်ရှောက်မှုအောက်မှာ နေထိုင်ဖို့အတွက် ဟောင်ကောင်သို့ ပြောင်းရွှေ့ခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း အလုပ်တွေများလွန်းနေတဲ့ မင်းသမီး Yang Mi ဟာလည်း သူ့သမီးကို မကြာခဏ လာမလည်ခြင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီး ရောဂါဖြစ်ပွားချိန်မှစ၍ မိခင်နှင့်ကလေး တွေ့ဆုံရန် ပိုမိုခက်ခဲလာခဲ့ပါတော့တယ်။
မကြာသေးမီကတော့ မင်းသမီးရဲ့ သမီးဖြစ်သူ Noemie ဟာ ဘေဂျင်းမြို့ရှိ ကျောင်းတစ်ကျောင်းသို့ ပြောင်းရွေ့ပြီး သူ့ရဲ့ဘိုးဘွားတွေနဲ့ပဲ အပြီးနေထိုင်သွားတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Yang Mi ဟာ သမီးလေးကို အုပ်ထိန်းနိုင်စွမ်းမရှိဘူးလို့ ဆိုလာခဲ့ကြပြီး အရင်ကလည်း ဝါရင့်သရုပ်ဆောင် Hawick Lau ရဲ့ ဖခင်ဖြစ်သူက ““မြေးမလေးက သူ့အမေကို လွမ်းတယ်လို့ ပြောတာကို တစ်ခါမှ မကြားဘူးဘူး” လို့ ဖွင့်ဟလာပြီးနောက် ဝေဖန်မှုတွေ ပြင်းထန်စွာ ထွက်ပေါ် ခဲ့ရတာပါ။
Hawick Lau ဖခင်ရဲ့ ပြောကြားချက်အရ Noemie ဟာ ဘေဂျင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်သော်လည်း မိဘနှစ်ဦးစလုံးက အခုလို ဆုံးဖြတ်ချက် ချမှတ်သူများဖြစ်ကြကြောင်း သိရပြီး ဒီစကားတွေသာ အမှန်ဆိုရင်တော့ Yang Mi အနေနဲ့ ဒီထက်ပိုပြီး ဝေဖန်သံတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်သလို သမီးလေးနဲ့လည်း ဆုံစည်းနိုင်တော့မယ် မထင်ပါဘူး။