ARMY လေးတချို့ မသိရှိသေးတဲ့ BTS အဖွဲ့ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

ARMY လေးတချို့ မသိရှိသေးတဲ့ BTS အဖွဲ့ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

ကိုရီးယားရဲ့ ဖျော်ဖြေရေးလောကက အထင်အရအဖြစ်ဆုံး BTS အဖွဲ့ကို Bighit Music က ၂၀၁၆ ခုနှစ်မှာ မွေးထုတ်ပေးခဲ့ပါတယ်။ ပွဲဦးထွက်ကတည်းက သုညကနေ စတင်ခဲ့ရလို့ အဲဒီအချိန်ကတည်းက အားပေးလာခဲ့တဲ့ ARMY တွေလည်းရှိသလို တစ်နှစ်ပြီးတစ်နှစ် ကျော်ကြားအောင်မြင်လာပြီး ပရိသတ်တွေ တိုးများလာတဲ့ အဖွဲ့မျိုးလည်းဖြစ်လို့ အားပေးတာ သိပ်မကြာသေးတဲ့ ARMY တို့လည်း ရှိကောင်းရှိနိုင်ပါတယ်။ 

ဒီလို ကမ္ဘာတစ်ဝှမ်းက  ဩဇာလွှမ်းမိုးပြီး လူကြိုက်များလွန်းတဲ့ ဂုဏ်သတင်းကို တည်ဆောက်ခဲ့တဲ့ BTS အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်အလက်အချို့ကို ARMY တွေ ပိုမိုသိရှိနိုင်စေဖို့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

၁။ BTS ဟာ Bulletproof Boys ဟုအဓိပ္ပာယ်ရသော BPB လို့ စတင် အမည်ပေးခဲ့ပေမဲ့ နောက်ဆုံးမှာတော့ BTS လို့ ပြန်ပြောင်းခဲ့ပါတယ်။

၂။ J-Hope ဟာ JYP က ပြိုင်ပွဲတစ်ခုကို ၀င်ပြိုင်ခဲ့ဖူးသော်လည်း BigHit ကို ပြန်ပြောင်းလာခဲ့သူပါ။

၃။ Jin ကလည်း BigHit ကို မဝင်ရောက်မီ SM မှာ လူရွေးပွဲ ဝင်ပြိုင်ခဲ့ပါသေးတယ်။

၄။ Suga က တက်တူး အရမ်းထိုးချင်ပေမဲ့လည်း အနာဂတ်မှာ သွေးလှူဒါန်းချိန် ထိခိုက်နိုင်မှာဖြစ်တာမလို့ မထိုးဖို့ ဆုံးဖြတ်ခဲ့သူပါ။

၅။ Jimin, J-Hope, Jungkook နဲ့  Suga တို့ဟာ idol ဖြစ်ဖို့ လေ့ကျင့်နေစဉ်အတွင်း မိန်းကလေးအဖွဲ့ရဲ့  နောက်ကွယ်မှ အကသမားတွေဖြစ်ခဲ့ကြဖူးပါတယ်။

၆။ Jin ဟာ DESCENDANTS မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Mitchell Hope ရဲ့ အတန်းဖော်တစ်ဦးဖြစ်ပါတယ်။

၇။ J-Hope ရဲ့ ဖခင်ဟာ ကွမ်ကျိုးရှိ Gukche အထက်တန်းကျောင်းက  စာပေဆရာတစ်ဦးဖြစ်ပါတယ်။

၈။ Jin ဟာ Etude House အလှကုန်ရဲ့ မော်ဒယ်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။

၉။ “Blood Swear and Tear” ဆိုတဲ့ သီချင်းကို Jimin က ရေးထားတာပါ။

၁၀။ RM က သူ့ရဲ့ သီချင်းမထုတ်ဝေမီတွေမှာ လိင်ပိုင်းဆိုင်ရာ ပါမောက္ခတစ်ဦးနဲ့ ဆွေးနွေးခဲ့ပြီး သီချင်းဟာ  ပရိသတ်ကို ထိခိုက်စေနိုင်မှာမဟုတ်ကြောင်း အတည်ပြုပြီးမှ ထုတ်ဝေလေ့ရှိပါတယ်။

၁၁။ RM ဟာ Glam အတွက် “Party XOXO” အမည်ရှိ bisexual သီချင်းတစ်ပုဒ် ရေးပေးခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *