နိုင်ငံတကာ ပရိသတ်တွေကြား ရေပန်းအစားနေဆုံး BL စုံတွဲလေးများ
နိုင်ငံတကာ ပရိသတ်တွေကြား ရေပန်းအစားနေဆုံး BL စုံတွဲလေးများ
လက်ရှိမှာတော့ ထိုင်းဖျော်ဖြေရေးလောကဟာ လိင်တူအသားပေး BL အချစ်ဇာတ်လမ်းတွဲတွေကို ခေတ်သစ်လူငယ်များထံ ဦးတည်ပြီး အရည်အသွေးမြင့် ဇာတ်လမ်းတည်ဆောက်ပုံတွေ၊ မင်းသားချောတွေနဲ့အတူ ဖမ်းစားထားနိုင်ခဲ့ပါတယ်။
အထူးသဖြင့် BL သရုပ်ဆောင်တွေ အားလုံးဟာ ချောမောပြီး အရည်အချင်း မြင့်မားသူတွေဖြစ်ကြပြီး နိုင်ငံတကာက နှုတ်ခမ်းနီမလေးတွေကို အရူးအမူးဖြစ်စေခဲ့လို့ လက်ရှိ ထိုင်း BL လောကရဲ့ ရေပန်းအစားနေဆုံး စုံတွဲ ၄ တွဲကို ဖော်ပြပေးသွားချင်ပါတယ်။
Apo Nattawin နဲ့ Mile Phakphum
Apo နဲ့ Mile တို့ဟာ KinnPorsche The Series မှာ တွဲဖက်သရုပ်ဆောင်ထားကြပြီး သူတို့နှစ်ဦးစလုံးဟာလည်း အရည်အချင်းမြင့်မားသလို ချောမောလွန်းကြလို့ ပရိသတ်တွေကို အထူးဆွဲဆောင်နိုင်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ဒီဇာတ်လမ်းမှာမှ ပထမဆုံးတွဲရိုက်ဖူးတာတောင်မှ သဘာဝကျလွန်းစွာ တွဲဖက်မိနေခဲ့လို့ ပရိသတ်တွေက ရူးခါခဲ့ကြရတာပါ။
Bright Vachirawit နဲ့ Win Metawin
ပရိတ်သတ်အများစုက ” 2gether The Series ” မှာ သူတို့နှစ်ယောက်လုံးကို သိခဲ့ကြပြီး ၂၀၂၁ မှာလည်း ဒီ BL စီးရီးဟာ ကြည့်ရှုမှုအများဆုံး နံပါတ်တစ်မှာ ရှိနေခဲ့တဲ့အထိ ကျော်ကြားသွားခဲ့ပါတယ်။
အထူးသဖြင့် ဇာတ်လမ်းတွဲ ထုတ်လွှင့်အပြီးမှာ Bright နဲ့ Win ဟာ မယုံနိုင်လောက်အောင်ကို ရေပန်းစားလာခဲ့ပြီး သူတို့ရဲ့ IG အကောင့်မှာ Follower အရေအတွက်ပေါင်း သန်းနှင့်ချီ၍ မြင့်တက်လာခဲ့ကြတာပါ။
Sarin နဲ့ Job Thuchapon
မကြာသေးမီက Thai TV 3 ရဲ့ ပထမဆုံး BL စီးရီးဖြစ်တဲ့ ” The Miracle of Teddy Bear ” ဟာ ပြည်တွင်းပြည်ပမှ ပရိသတ်များရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး တက်သစ်စ မင်းသားတွေဖြစ်ကြတဲ့ In Sarin နဲ့ Job တို့ဟာ သူတို့ရဲ့ အပြီးပြည့်စုံဆုံး BL ဇာတ်ရုပ်တွေကို တွဲဖက် ဖော်ကျူးခဲ့ကြပါတယ်။
ဒီဇာတ်လမ်းတွဲအပြီးမှာတော့ အမျိုးသားကြယ်ပွင့်နှစ်ဦးရဲ့ စွမ်းဆောင်ရည်ဟာ ပြီးပြည့်စုံသော လိုက်ဖက်မှုဖြစ်ခဲ့တာကြောင့် လူအများက မကြာခဏဆိုသလို သူတို့အတွဲကို mention ဂုဏ်ပြုခဲ့ကြပါတယ်။
Billkin နဲ့ PP Krit
ပရိသတ်တွေက အပြင်မှာ ချစ်သူတွေလို့ ထင်နေကြရအောင်အထိ လိုက်ဖက်ခဲ့သလို BL ပရိသတ်တွေကြား အမြဲလိုလို ရေပန်းစားနေခဲ့တဲ့ Billkin နဲ့ PP Krit တို့ဟာလည်း ပရိသတ်တွေအနေနဲ့ လက်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
ဒီနှစ်ယောက်ဟာ သရုပ်ဆောင်ကောင်းရုံသာမကဘဲ သူတို့ရဲ့ အဆိုပညာ၊ ဘဝနေထိုင်မှု ပုံစံတို့က BL နဲ့ လူငယ်အသိုင်းအဝိုင်းကိုသာမက နိုင်ငံတကာထက်မှာလည်း လှုပ်ခတ်သွားစေခဲ့တဲ့ ထူးချွန်တဲ့ အနုပညာရှင်လေးတွေပါပဲ။