အဆင်းရော၊ အချင်းပါ ပြီးပြည့်စုံနေတဲ့ မင်းသားချောလေး Xukai

အဆင်းရော၊ အချင်းပါ ပြီးပြည့်စုံနေတဲ့ မင်းသားချောလေး Xukai

ခေတ်ပြိုင်ပဲဖြစ်ဖြစ်၊ ရှေးခေတ်ပဲဖြစ်ဖြစ် တရုတ်ဇာတ်လမ်းတွဲချစ်သူ  ပရိသတ်တွေကတော့ အခုချိန်မှာ လူအများကြား ရေပန်းစားနေတဲ့ မင်းသားချောလေး Xu Kai ကို ချစ်ကျွမ်းဝင်နေကြမယ် ထင်ပါတယ်။

Xu Kai ကတော့ ၂၀၁၈ ခုနှစ်က “Yanxi Palace” လို့ခေါ်တဲ့ ရှေးဟောင်း တရုတ်ဇာတ်လမ်းတွဲမှာ  ဗိုလ်ချုပ်ကြီး Fukafuheng အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ပြည်တွင်းနဲ့ ပြည်ပ ပရိသတ်များစွာကိုဆွဲဆောင်နိုင်ခဲ့ပြီး လူသိများ ကျော်ကြားလာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် မင်းသားချောဟာ “Yanxi Palace of Story” မှတစ်ဆင့် Xu Kai ရဲ့ ဂုဏ်သတင်းနဲ့ ကျော်ကြားမှုတို့ဟာ  ထိပ်ဆုံးသို့ ရောက်လာခဲ့ပြီး တရုတ်နဲ့ အာရှတစ်လွှားမှာ ရေပန်းအစားဆုံး တရုတ်မင်းသားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သရုပ်ဆောင် စွမ်းရည်ပိုင်းမှာလည်း တဖြည်းဖြည်းနဲ့ တိုးတက်ထူးချွန်လာခဲ့တာကြောင့် Xu Kai ဟာ တဖြည်းဖြည်းနဲ့ တန်ကြေးမြင့်လာခဲ့သလို မွေးကတည်းက ချောမောတဲ့ အသွင်အပြင်ကြောင့်လည်း အချိန်ခဏလေးအတွင်းမှာ ထင်ရှားကျော်ကြားလာတဲ့ မင်းသားတစ်လက် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသား ကြယ်ပွင့်ဟာ  “The Legends”, “Arsenal Military Academy”, “Dance of the Sky Empire”, “Court Lady”, နဲ့ Falling Into Your Smile” တို့မှာလည်း မတူညီ ကွဲပြားတဲ့ ဇာတ်ရုပ်မျိုးစုံကို ပုံဖော်ခဲ့ရင်း သူ့ရဲ့ အရည်အသွေးနဲ့ ကျော်ကြားမှုတို့ကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် Xu Kai ကိုလည်း နောင်လာမယ့် အမိုက်စား ဇာတ်လမ်းတွဲတွေမှာ အလန်းစား ဇာတ်ရုပ်တွေနဲ့ အောင်မြင်ကျော်ကြားလာတာကို ထပ်မံမြင်တွေ့သွားချင်မိပြီး ပရိသတ်တွေလည်း အလားတူပဲ ဆန္ဒပြုမိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Leave a Reply

Your email address will not be published.