အထူးဆန်းဆုံး အကြောင်းပြချက်တွေနဲ့ ဖျက်သိမ်းခဲ့တဲ့ Kpop အဖွဲ့ ၅ ဖွဲ့
အဖွဲ့ဝင်အချင်းချင်း Date သွားတာက အဖွဲ့ကို ဖျက်သိမ်းဖို့ အကြောင်းပြချက်တစ်ခုများ ?
K-Pop အဖွဲ့တွေ ဖျက်သိမ်းရတဲ့ အများဆုံးသော အကြောင်းအရင်းက စာချုပ်ကုန်ဆုံးပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ ရွေးချယ်ကြတဲ့အတွက်ပါပဲ။ ဒါပေမဲ့ တချို့အဖွဲ့တွေကတော့ ထူးထူးဆန်းဆန်းအကြောင်းပြချက်တွေနဲ့ ဖျက်သိမ်းခဲ့ကြပါတယ်။
1. Triple H
ထူးဆန်းတဲ့အကြောင်းပြချက်နဲ့ ဖျက်သိမ်းခဲ့တဲ့ အဖွဲ့တွေထဲကတစ်ဖွဲ့ကတော့ Triple H အဖွဲ့ဖြစ်ပါတယ်။ Triple H အဖွဲ့ကို HyunA, PENTAGON အဖွဲ့ဝင်ဟောင်း Dawn နဲ့ PENTAGON အဖွဲ့ဝင် Hui တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အဖွဲ့ဝင် သုံးယောက်ရှိတဲ့အနက်က Dawn နဲ့ HyunA တို့ ချစ်သူတွေဖြစ်တယ်လို့ သတင်းတွေထွက်လာချိန်မှာ Cube Entertainment က Dating သတင်းကို ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ HyunA နဲ့ Dawn တို့က Cube Entertainment ရဲ့ ထုတ်ပြန်ချက်ကို ဆန့်ကျင်ပြီး ချစ်သူတွေဟုတ်မှန်ကြောင်း ထုတ်ပြန်ခဲ့တာကြောင့် Cube Entertainment က သူတို့နှစ်ယောက်နဲ့ စာချုပ်ကို ဖျက်သိမ်းပြီး Triple H အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။
2. GLAM
Big Hit Entertainment က အဖွဲ့ဝင် ၅ ယောက်ပါဝင်တဲ့ GLAM အဖွဲ့ကို ၂၀၁၂ ခုနှစ်က ပွဲထုတ်ခဲ့ပါတဘ်။ ပွဲဦးထွက်ပြီး သိပ်မကြာခင်မှာပဲ အဖွဲ့ဝင် Trinity ဟာ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် အဖွဲ့ကနေ ထွက်ခွာခဲ့ပါတယ်။
ဒါပေမဲ့ ပရိသတ်တွေကတော့ သူဟာ Super Junior အဖွဲ့ဝင် Leeteuk ရဲ့ sasaeng fan လို့ ကောလာဟလတွေ ထွက်လာခဲ့တာကြောင့် အဖွဲ့ကနေ ထွက်သွားတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ အဖွဲ့ဝင် Dahee ဟာ မင်းသား Lee Byung Hun ကို ချိန်းခြောက်စာပေးပို့ခဲ့တာကို တွေ့ရှိခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ Dahee ကိစ္စအပြီး မကြာခင်မှာပဲ GLAM အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။
3. Yellow Bee
အဖွဲ့ဖျက်သိမ်းရတဲ့ အကြောင်းရင်းတွေထဲမှာ Yellow Bee ကတော့ အဆိုးဆုံးပါပဲ။ Yellow Bee အဖွဲ့ဟာ ၂၀၁၇ မှာ ပွဲဦးထွက်ပြီး ၂၀၂၀ မှာ ဖျက်သိမ်းခဲ့ပါတယ်။ အဖွဲ့ဝင်တစ်ယောက် ဟော့ရမ်းတဲ့နေထိုင်မှုပုံစံကြောင့် အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းလို့ မရတာကြောင့် အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီလို့ Addiction Entertainment အေဂျင်စီက ကြေညာခဲ့ပါတယ်။
အေဂျင်စီ ထုတ်ပြန်ပြီး သိပ်မကြာခင်မှာပဲ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Ari က သူမရဲ့အင်စတာဂရမ်အကောင့်ကနေ အေဂျင်စီရဲ့ ထုတ်ပြန်ချက်ကို ငြင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။ Ari က တကယ့်ဖြစ်ရပ်အမှန်ကတော့ အေဂျင်စီက အလုပ်သမားတချို့ဟာ အဖွဲ့ဝင်တွေကို လိင်အကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အေဂျင်စီက မန်နေဂျာနဲ့ အလုပ်သမားတစ်ယောက်ဟာ အဖွဲ့ဝင်တစ်ယောက်ကို လိင်ဆက်ဆံဖို့ ဆွဲဆောင်ပြောဆိုပြီး လူတွေရှေ့မှာပဲ လေ့ကျင့်ခန်းတစ်ခုထဲကို ဆွဲခေါ်သွားခဲ့ပေမဲ့ အဆိုပါ အဖွဲ့ဝင် ဆွဲခေါ်သွားမခံရဖို့ တားမြစ်ခဲ့ရတာက အဖွဲ့ဝင်တွေသာ ရှိတယ်လို့ Ari က အခိုင်အမာပြောဆိုခဲ့ပါတယ်။
4. K’Pop
အမျိုးသားအဖွဲ့ K’pop ကတော့ အဖွဲ့ဝင်နှစ်ယောက် အချင်းချင်း ချစ်ကြိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ချစ်ကြိုက်ရုံတင်မက အဆိုပါနှစ်ယောက်ထဲက တစ်ယောက်က တခြားအဖွဲ့က တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တဲ့အတွက် သူ့ရဲ့ ပါတနာက သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုရှိခဲ့ပြီး ဒီကိစ္စက အဖွဲ့ဝင်တွေကြားမှာ ပွတ်တိုက်မှုဖြစ်လာခဲ့ပြီး နောက်ဆုံးမှာ အဖွဲ့ကို ဖျက်သိမ်းခဲ့ရပါတယ်။
5. Swi.T
Swi.T အဖွဲ့ကတော့ မိန်းကလေးအဖွဲ့ဝင် သုံးယောက်နဲ့ ဖွဲ့စည်းထားပြီး ၂၀၀၂ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ YG Entertainment လက်အောက်က အဖွဲ့ဖြစ်ပါတယ်။ အဲဒီအချိန်က Yang Hyun Suk က စီအီးအိုဖြစ်ပြီး သူနဲ့အဖွဲ့ဝင် Lee Eun Ju တို့က ချစ်သူတွေဖြစ်ပါတယ်။
သူ့ချစ်သူ Lee Eun Ju အရမ်းအောင်မြင်သွားမှာကို ကြောက်တဲ့ Yang Hyun Suk က Swi.T ကို support အနည်းငယ်သာ ပေးခဲ့ပါတယ်။ Yang Hyun Suk ကိုယ်တိုင်ကလည်း တကယ်လို့ မိန်းမကို ချစ်တဲ့အချစ်နဲ့သာ Swi.T ကို support နည်းနည်း ပိုလုပ်ပေးခဲ့ရင် ဒီအဖွဲ့လည်း နည်းနည်းပိုအောင်မြင်နိုင်ပါတယ်လို ဝန်ခံပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Swi.T အဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး Lee Eun Ju ကလည်း Yang Hyun Suk နဲ့ လက်ထပ်သွားခဲ့ပါတယ်။
Soya