တရားမဝင်ဆေးသုံးနေတယ်လို့ ဖော်ပြခဲ့တဲ့ မီဒီယာတွေကို တရားစွဲမယ့် Lee Sangbo

Lee Sangbo က သူသုံးစွဲနေရသည့် စိတ်ကျရောဂါ တိုက်ဖျက်ရေးဆေးများကို ထုတ်ဖော်ပြသခဲ့ပြီး တရားမဝင်ဆေးဝါးများ သုံးစွဲနေတယ်လို့ စွပ်စွဲဖော်ပြခဲ့တဲ့ သတင်းမီဒီယာတွေကို ပြန်လည် တရားစွဲဆိုသွားတော့မှာ ဖြစ်ပါတယ်။

သူဟာ စိတ်ကျရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတာဖြစ်ပြီး Lee Sangbo ရဲ့ စိတ်ကျရောဂါဟာ ဖခင်ကွယ်လွန်ချိန်နဲ့ မိခင်နဲ့ ညီမဖြစ်သူတို့ ကားအက်စီးဒင့်ကြောင့် ဆုံးပါးသွားချိန် ၂၀၀၉ ခုနှစ်မှာ ပိုမိုပြင်းထန်လာခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသား Lee Sangbo က သူ့ရဲ့ ရောဂါလက္ခဏာနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ထုတ်ဖော်ပြခဲ့သလို ၂၀၁၉ ခုနှစ်ကတည်းက ပြင်းထန်တဲ့ စိတ်ကျရောဂါကြောင့် စိတ်ကျရောဂါ တိုက်ဖျက်တဲ့ ဆေးဝါးတွေကို သုံးစွဲနေခဲ့ရတဲ့အကြောင်းလည်း အထောက်အထားနဲ့တကွ ပြသခဲ့ပါတယ်။

အဆိုပါ ဆေးဝါးတွေသုံးစွဲနေရတဲ့အတွက် တရားမဝင်ဆေးဝါး သုံးစွဲမှု ရှိမရှိ ဆေးစစ်ချက်မှာ positive ဖြစ်ခဲ့ရတာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

ဒါ့အပြင် မင်းသားက သူ့ကို တရားမဝင်ဆေးဝါးတွေ သုံးစွဲတယ်လို့ မှားယွင်းဖော်ပြခဲ့တဲ့ မီဒီယာတွေကိုလည်း တရားစွဲဆိုသွားဖို့ စီစဉ်နေပါတယ်။

ရဲတွေကတော့ အမျိုးသား မှုခင်းဌာနနဲ့ ချိတ်ဆက်ပြီး စိတ်ကျရောဂါဆေးဝါးတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က လမ်းမှာ အမျိုးသားတဟ်ဦး ဆေးသုံးထားသလို ပျို့အန်ခြင်း ပုံစံမျိုးရှိတယ်လို့ သတင်းရရှိခဲ့တာကြောင့် ရဲတွေလာရောက် ခေါ်ဆောင်သွားကာ ဆေးစစ်ကြည့်ချိန်မှာတော့ positive တွေ့ခဲ့ရပြီးနောက် အဆိုပါအမျိုးသားဟာ မင်းသား Lee Sangbo ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Soya

တရားမဝင် ဆေးဝါးများသုံးစွဲနေတယ်လို့ ဖော်ပြခဲ့တဲ့ သတင်းမီဒီယာတွေကို တရားစွဲဆိုသွားမယ့် Lee Sangbo

Lee Sangbo က သူသုံးစွဲနေရသည့် စိတ်ကျရောဂါ တိုက်ဖျက်ရေးဆေးများကို ထုတ်ဖော်ပြသခဲ့ပြီး တရားမဝင်ဆေးဝါးများ သုံးစွဲနေတယ်လို့ စွပ်စွဲဖော်ပြခဲ့တဲ့ သတင်းမီဒီယာတွေကို ပြန်လည် တရားစွဲဆိုသွားတော့မှာ ဖြစ်ပါတယ်။

သူဟာ စိတ်ကျရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတာဖြစ်ပြီး Lee Sangbo ရဲ့ စိတ်ကျရောဂါဟာ ဖခင်ကွယ်လွန်ချိန်နဲ့ မိခင်နဲ့ ညီမဖြစ်သူတို့ ကားအက်စီးဒင့်ကြောင့် ဆုံးပါးသွားချိန် ၂၀၀၉ ခုနှစ်မှာ ပိုမိုပြင်းထန်လာခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသား Lee Sangbo က သူ့ရဲ့ ရောဂါလက္ခဏာနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ထုတ်ဖော်ပြခဲ့သလို ၂၀၁၉ ခုနှစ်ကတည်းက ပြင်းထန်တဲ့ စိတ်ကျရောဂါကြောင့် စိတ်ကျရောဂါ တိုက်ဖျက်တဲ့ ဆေးဝါးတွေကို သုံးစွဲနေခဲ့ရတဲ့အကြောင်းလည်း အထောက်အထားနဲ့တကွ ပြသခဲ့ပါတယ်။

အဆိုပါ ဆေးဝါးတွေသုံးစွဲနေရတဲ့အတွက် တရားမဝင်ဆေးဝါး သုံးစွဲမှု ရှိမရှိ ဆေးစစ်ချက်မှာ positive ဖြစ်ခဲ့ရတာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ ဒါ့အပြင် မင်းသားက သူ့ကို တရားမဝင်ဆေးဝါးတွေ သုံးစွဲတယ်လို့ မှားယွင်းဖော်ပြခဲ့တဲ့ မီဒီယာတွေကိုလည်း တရားစွဲဆိုသွားဖို့ စီစဉ်နေပါတယ်။

ရဲတွေကတော့ အမျိုးသား မှုခင်းဌာနနဲ့ ချိတ်ဆက်ပြီး စိတ်ကျရောဂါဆေးဝါးတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က လမ်းမှာ အမျိုးသားတဟ်ဦး ဆေးသုံးထားသလို ပျို့အန်ခြင်း ပုံစံမျိုးရှိတယ်လို့ သတင်းရရှိခဲ့တာကြောင့် ရဲတွေလာရောက် ခေါ်ဆောင်သွားကာ ဆေးစစ်ကြည့်ချိန်မှာတော့ positive တွေ့ခဲ့ရပြီးနောက် အဆိုပါအမျိုးသားဟာ မင်းသား Lee Sangbo ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Soya

Leave a Reply

Your email address will not be published. Required fields are marked *