Han Ji Min, Lee Min Ki တို့နဲ့အတူ ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် အတည်ပြုလိုက်ပြီဖြစ်တဲ့ Suho

ဒီနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာထွက်ရှိလာတဲ့သတင်းတွေအရ Idol တစ်ယောက်အဖြစ်နဲ့သာမက သရုပ်ဆောင်မင်းသားတစ်လက်အနေနဲ့ပါ ရပ်တည်နေလျက်ရှိတဲ့ EXO အဖွဲ့ခေါင်းဆောင်ဖြစ်သူ Suho ဟာဆိုရင် JTBC ကနေ ထုတ်လွှင့်ပြသသွားမယ့် “Hip” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဇာတ်လမ်းတွဲအသစ်ကိုတော့ ‘My Liberation Notes’ ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာဖြစ်သူ Kim Seok Yoon က တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး Suho အနေနဲ့ကတော့ မင်းသား Lee Min Ki ၊ မင်းသမီး Han Ji Min တို့နဲ့အတူ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကျေးလက်ဒေသနောက်ခံထားရိုက်ကူးမယ့် ယင်း “Hip” ဇာတ်လမ်းတွဲကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ထဲမှာ ထုတ်လွှင့်ပြသနိုင်ဖို့အတွက် ရည်ရွယ်ထားကြတာကြောင့် မကြာခင်အချိန်အတွင်း ရိုက်ကူးကြတော့မှာဖြစ်ကာ Suho ပါဝင်သွားမယ့် ဇာတ်ကောင်နဲ့ပတ်သက်လို့တော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
Ref : GStarLive
Nemo