ဒရာမာမင်းသားအဖြစ် ပြန်လည်မြင်တွေ့ရတော့မယ့် EXO’s Xiumin

ဒရာမာဇာတ်ကားသစ် “Sajangdol Mart” မှာ EXO အဖွဲ့ဝင် Xiumin က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်မယ်လို့ JTBC News က စက်တင်ဘာ ၁၄ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

Xiumin ရဲ့ အေဂျင်စီ SM Entertainment ကလည်း “Xiumin က Sajangdol Mart ဒရာမာအသစ်မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သွားမှာပါ” လို့ အတည်ပြုပေးခဲ့ပါတယ်။

“Sajangdol Mart” ကတော့ အဖွဲ့အမျိုးမျိုးက idol အဖွဲ့ဝင်ဟောင်းတွေစုပြီး စူပါမားကတ်တစ်ခု တည်ထောင်ဖို့ လုပ်ရာကနေ ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းအမျိုးမျိုးကို ရိုက်ကူးပုံဖော်ထားတဲ့ ဒရာမာလေးဖြစ်ပါတယ်။

ဒီဒရာမာလေးကိုတော့ ဒါရိုက်တာ၊ ပရိုဂျူဆာ ပီဒီ Lee Yoo Yeon က ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်က “Falling for Challenge” ပွဲဦးထွက် ဒရာမာပြီးနောက် Xiumin ရဲ့ ပထမဦးဆုံး ဒရာမာလည်း ဖြစ်ပါတယ်။

Xiumin ဟာ “Seondal: The Man Who Sells the River” ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေ အထူးသဖြင့် L တွေကတော့ Xiumin ရဲ့ ဒရာမာကို အထူးမျှော်လင့် စောင့်စားနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Xiumin က သူ့ရဲ့ ပထမဦးဆုံး တစ်ကိုယ်တော် ပွဲဦးထွက် အယ်လ်ဘမ် Brand New ကို L တွေဆီ အရောက်ပို့ဖို့ လုပ်ဆောင်နေပါတယ်။

Soya

Leave a Reply

Your email address will not be published.