တရားဝင် solo debut မလုပ်ရပါဘဲ US မှာ ရောင်းအားအကောင်းဆုံး Solo Kpop Idol ဖြစ်နေတဲ့ Jungkook

BTS အဖွဲ့ဝင် Jungkook ဟာ တစ်ကိုယ်တော် အယ်လ်ဘမ်နဲ့ တရားဝင် solo debut မပြုလုပ်ထားပေမဲ့ ထွက်ရှိထားတဲ့ တစ်ကိုယ်‌တော် သီချင်းတွေနဲ့ တစ်ကိုယ်တော် collab သီချင်းတွေနဲ့တင် အမေရိကန်မှာ ရောင်းအားအကောင်းဆုံး တစ်ကိုယ်တော် K-Pop Idol ဖြစ်လာခဲ့ပါတယ်။

Jungkook တစ်ကိုယ်တော် သီချင်းတွေဟာ ရောင်းအား 2M ရှိခဲ့ပြီး တရားဝင် debut မလုပ်ထားတဲ့ K-Pop Idol solo artist တစ်ယောက်အနေနဲ့ ထင်မှတ်မထားလောက်စရာ ကျော်ကြားမှုနဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။

အမေရိကန်မှာ Jungkook ရဲ့ ရောင်းအားအကောင်းဆုံးသီချင်းက သူ့ရဲ့ BTS solo သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Begin,’ ဖြစ်ပြီး ဒီသီချင်းက #1 Best-Selling K-Pop Idol လည်းဖြစ်ပါတယ်။

Jungkook ရဲ့ Euphoria ကတော့ အမေရိကန်မှာ 500K units ရောင်းချထားရတဲ့ ပထမဦးဆုံး အမျိုးသား Kpop Idol solo artist ရဲ့ သီချင်း ဖြစ်ပါတယ်။

Charlie Puth နဲ့ တွဲဖက်သီဆိုထားတဲ့ ‘Left And Right’ သီချင်းကလည်း အမေရိကန်မှာ 500k units ရောင်းချထားရပြီး US မှာ ဒီရောင်းအားကို အမြန်ဆုံးရရှိတဲ့ K-Pop idol ရဲ့သီချင်း ဖြစ်ပါတယ်။

Euphoria — 915K
Left and Right — 500K
My time — 450K
Stay Alive — 150K

ဒီလိုရောင်းအားတွေကြောင့်ပဲ ပရိသတ်တွေက Jungkook ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကို အထူးမျှော်လင့် စောင့်မျှော်နေကြပြီး အခုထက်ပို အောင်မြင်မှု ရမယ်လို့လည်း ယုံကြည်နေကြပါတယ်။

သင်ရော Kookie ရဲ့ solo debut ကို မျှော်လင့်နေပြီလား ?

Soya

Leave a Reply

Your email address will not be published.