တစ်ကိုယ်တော် ပွဲဦးထွက်ရတော့မယ့် IZ*ONE အဖွဲ့ဝင်ဟောင်း Lee Chae Yeon

IZ*ONE အဖွဲ့ဝင်ဟောင်း Lee Chae Yeon က လာမယ့် အောက်တိုဘာလမှာ တစ်ကိုယ်တော် ပွဲဦးထွက် အယ်လ်ဘမ် ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

Chae Yeon ဟာ IZ*ONE နဲ့ ပွဲဦးထွက်ခဲ့ပြီးနောက် ၄ နှစ်ကြာမှသာ တစ်ကိုယ်တော် ပွဲဦးထွက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Lee Chae Yeon က တစ်ကိုယ်တော် အယ်လ်ဘမ်အတွက် အာရုံစိုက်ပြီး အလုပ်တွေများနေပါတယ်။

Chae Yeon ဟာ IZ*ONE အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Kwon Eun Bi, Jo Yu Ri နဲ့ Choi Ye Na တို့နောက် ၄ ယောက်မြောက် တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ရှိသူလည်း ဖြစ်ပါတယ်။

IZ*ONE အဖွဲ့ဝင် Sakura ကတော့ လက်ရှိမှာ LE SSERAFIM အဖွဲ့ဝင်တစ်ဦးအဖြစ် အဖွဲ့လိုက်လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။

တစ်ကိုယ်တော် အယ်လ်ဘမ်မတိုင်ခင်မှာတော့ သူမဟာ Mnet ရဲ့ နာမည်ကျော် Dance Competition Show ဖြစ်တဲ့ ‘Street Woman Fighter’ မှာ Want အဖွဲ့နဲ့အတူ ပြိုင်ပွဲဝင်ခဲ့ပါတယ်။

ညီမဖြစ်တဲ့ ITZY အဖွဲ့ဝင် Chaeryeong နဲ့အတူ အနုပညာလောကထဲမှာ လင်းလက်တောက်ပတဲ့ ကြယ်လေးတစ်ပွင့်အဖြစ် အောင်မြင်ပါစေ Chaeyeon

Soya

Leave a Reply

Your email address will not be published. Required fields are marked *