၂၀၂၂ အတွင်း ပျမ်းမျှ rating အမြင့်ဆုံးရရှိတဲ့ ဒရာမာဖြစ်လာတဲ့ Bad Romeo
မင်းသား Mario Maurer နဲ့ မင်းသမီး Yaya Urassaya တို့ သရုပ်ဆောင်ထားတဲ့ Bad Romeo ဒရာမာဟာ ၂၀၂၂ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Thai Channel 3 ရဲ့ ဒရာမာတွေထဲမှာ ပျမ်းမျှ rating အမြင့်ဆုံး ရရှိတဲ့ ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။
Bad Romeo ရဲ့ ဇာတ်သိမ်းပိုင်းကို Thai Channel 3 ကနေ စက်တင်ဘာ ၁၄ ရက်က ထုတ်လွှင့်ပြသခဲ့ပြီး ပျော်ရွှင်စရာ အဆုံးသတ်လေးနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ဒီဒရာမာလေးဟာ ထိုင်းနဲ့ တခြားသော အာရှပရိသတ်တွေဆီက ကောင်းမွန်တဲ့ feedback တွေလည်း ရရှိခဲ့ပါတယ်။
Nielsen Thailand ရဲ့ ဖော်ပြချက်တွေအရ ဇာတ်သိမ်းပိုင်းဟာ rating 4.1 ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။
စုစုပေါင်း Bad Romeo ရခဲ့တဲ့ rating အားလုံးရဲ့ ပျမ်းမျှ rating ကတော့ 3.5 ရာခိုင်နှုန်းဖြစ်ပြီး ဒါက Ch3 ရဲ့ ၂၀၂၂ ဒရာမာတွေထဲမှာ rating အမြင့်ဆုံး ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့ ဒီဒရာမာအတွဲလေးကို နောက်ထပ်ဇာတ်ကားတွေမှာ မြင်တွေ့ချင်နေသေးပါတယ်။
Soya