စက်တင်ဘာ Brand Value အမြင့်ဆုံးရထားတဲ့ Generation သုံးခုက Idols များ
စက်တင်ဘာလအတွက် ထွက်ရှိလာတဲ့ KICR ရဲ့ girl group အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ Brand Value အဆင့်သတ်မှတ်ချက်က စိတ်ဝင်စားစရာပါပဲ။
Brand Value အမြင့်ဆုံးရရှိထားတဲ့ idols ၃ ယောက်က လက်ရှိမှာ Generation အလိုက် ကိုရီးယားမှာ လူကြိုက်အများဆုံး idols တွေဖြစ်ပါတယ်။
Brand Value အဆင့်သတ်မှတ်ချက်အရ အမြင့်ဆုံး နံပါတ် ၁ နေရာကို ရရှိထားတာကတော့ Blackpink အဖွဲ့ဝင် Jennie ပဲဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာတော့ တက်သစ်စ အဖွဲ့ဝင် Minji က ဒုတိယနေရာရရှိခဲ့ပြီး Girls’ Generation အဖွဲ့ဝင် YoonA ကတော့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
BLACKPINK’s Jennie ကတော့ နံပါတ်တစ်နေရာကို brand value အညွှန်းကိန်း 5,059,756, နဲ့ ရရှိထားတာဖြစ်ပါတယ်။
ဒီနှစ်မှ ပွဲဦးထွက်လာတဲ့ NewJeans’ Minji ကတော့ အညွှန်းကိန်း 4,265,975 နဲ့ တတိယနေရာနဲ့ ရမှတ်အနည်းငယ်သာကွာပါတယ်။
တတိယနေရာမှာ ရပ်တည်နေတဲ့ Girls’ Generation’s YoonA ကတော့ အညွှန်းကိန်း 3,917,977 နဲ့ ယခင်လကရရှိထားတဲ့ ဒုတိယနေရာကနေ တစ်ဆင့်ကျသွားခဲ့ပါတယ်။
KICR ရဲ့ အဆင့်သတ်မှတ်ချက်အရ ထိပ်ဆုံး ၁၀ နေရာမှာ ရပ်တည်နေတဲ့ Idols များကို ဖော်ပြပေးလိုက်ပါတယ်။
1: BLACKPINK’s Jennie
2: NewJeans’ Minji
3: Girls’ Generation’s YoonA
4: Oh My Girl’s Mimi
5: BLACKPINK’s Jisoo
6: NewJeans’ Hani
7: BLACKPINK’s Lisa
8: Girls’ Generation’s Taeyeon
9: Girls’ Generation’s Seohyun
10: NewJeans’ Haerin
Soya