မေ့မရနိုင်ဖွယ်အခိုက်အတန့်တွေနဲ့ ပရိသတ်တွေကို အစွမ်းကုန် ဖျော်ဖြေတင်ဆက်ပေးခဲ့တဲ့ IU

မေ့မရနိုင်ဖွယ်အခိုက်အတန့်တွေနဲ့ ပရိသတ်တွေကို အစွမ်းကုန် ဖျော်ဖြေတင်ဆက်ပေးခဲ့တဲ့ IU

အဆိုတော်-မင်းသမီးချောလေး IU ကတော့ မကြာခဏဆိုသလို ပရိသတ်တွေရဲ့ အသည်းနှလုံးကို စွဲလန်းစေတတ်သူဖြစ်ပြီး လှပချောမောတဲ့ ရုပ်ရည်လေးအပြင် အနုပညာစွမ်းရည်တွေ ကြွယ်ဝတဲ့ အနုပညာရှင်လေးဖြစ်သလို တစ်ဖက်သားကိုလည်း အမြဲကူညီပေးနေတတ်တဲ့ သူမရဲ့ မွန်မြတ်တဲ့စိတ်ထားကြောင့် လူချစ်ခံရတဲ့ နတ်သမီးလေးဖြစ်ပါတယ်။

IU ကတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ “Golden Hour” လို့ အမည်ရတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးနဲ့အတူ ပြန်လာခဲ့ပြီး စက်တင်ဘာလ ၁၇ နဲ့ ၁၈ တို့မှာ ဆိုးလ်၊ Songpa-gu, Jamsil Sports Complex ရှိ Olympic Main Stadium ထဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားခဲ့ပါတယ်။

ဖျော်ဖြေပွဲရဲ့ အငွေ့အသက်တွေကလည်း အရမ်းစိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး လက်မှတ်တစ်စောင်၊ ထိုင်ခုံတစ်ခုမကျန်တော့တဲ့အထိ ပရိသတ်တွေအပြင် အနုပညာရှင်တွေပါ တက်ရောက်အားပေးခဲ့ကြတဲ့အတွက် K-Pop ရဲ့ အထင်ကရအဖြစ်ဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စင်မြင့်အလှဆင်ခြင်းအပြင် ဖျော်ဖြေပွဲကျင်းပရာ နေရာတစ်ခုလုံးဟာလည်း အလွန်လှပပြေပြစ်သောအလင်းရောင်များဖြင့် ခြုံလွှမ်းနေခဲ့တာပါ။

IU ကလည်း သီချင်းတိုင်းကို ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး ကခုန်သီဆို ဖျော်ဖြေပေးခဲ့ပြီး သူမရဲ့ အသံလှလှလေးနဲ့အတူ လူအုပ်ကြီးရဲ့ အားပေးချီးမြှောက်သံတွေကလည်း ဆိုးလ်မြို့ရဲ့ ကောင်းကင်ယံမှာ ပျံ့လွင့်နေခဲ့ပါတော့တယ်။

ပိုထူးခြားတာက IU ရဲ့ ဖျော်ဖြေပွဲမှာ IU တစ်ယောက် မီးပုံးပျံကြီးစီးပြီး တစ်ကွင်းလုံးရဲ့ ပရိသတ်ထုကို မြင်တွေ့ခံစားရဖို့ ဖျော်ဖြေတင်ဆက်ခဲ့တာကြောင့် ပရိသတ်တွေကို ပိုပြီး စိတ်လှုပ်ရှားစေခဲ့ပြီး လှပဆန်းသစ်တဲ့ ရောထွေးမှုနဲ့ အလှတရားတို့ဟာလည်း ပေါင်းဖက်မိသွားခဲ့ပြီး “Golden Hour” ကို ပြီးပြည့်စုံစေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *