ချစ်သက်တမ်း ၁၁ နှစ် ပြည့်မြောက်သွားခဲ့ပြီဖြစ်တဲ့ Nadech နဲ့ Yaya

ထိုင်းဖျော်ဖြေရေးလောကရဲ့ ထိပ်တန်း အနုပညာရှင်တွေဖြစ်ကြတဲ့ Yaya Urassya နဲ့ Nadech Kugimiya တို့ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားကြတဲ့ Channel 3 ရဲ့ အနုပညာရှင် စုံတွဲလေးတစ်တွဲဖြစ်ပါတယ်။

မကြာသေးမီက သူငယ်ချင်း Mark-Kim ဟာ သူတို့ရဲ့ မင်္ဂလာသတင်းကောင်းကို ကြေငြာပြီးနောက်မှာတော့ ပရိသတ်တွေကလည်း Nadech-Yaya စုံတွဲလေးရဲ့ မင်္ဂလာသတင်းကို နားစွင့်လို့နေကြတာပါ။

ဒါပေမယ့်လည်း ဒီအမျိုးသားနဲ့ အမျိုးသမီးကြယ်ပွင့်တို့ကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားပုံရပြီး ထုတ်ဖော်မပြသေးပါဘူး။

တစ်ဖက်မှာတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ Nadech နဲ့ Yaya တို့ဟာ သူတို့ရဲ့ ချစ်သူသက်တမ်း ၁၁ နှစ်ပြည့် အထိမ်းအမှတ်နေ့လေးကို အတူတူ ဖြတ်သန်းခဲ့ကြပြီး romantic ဆန်တဲ့ ညချမ်းလေးကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။

Yaya နဲ့ Nadech တို့ဟာ Villa Frantzen လို့ ခေါ်တဲ့ ပြင်သစ်စားသောက်ဆိုင်မှာ သူတို့ရဲ့ အထိမ်းအမှတ်နေ့လေးကို အတူတူ ဖြတ်သန်းခဲ့ကြတာဖြစ်ပြီး ဆိုင်ရဲ့ menu စျေးနှုန်းကလည်း ဘတ် ၃၅၀၀ (၉၅ ဒေါ်လာခန့်) မှ စတင်ကြောင်း သိခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *