IU ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်အားပေးခဲ့တဲ့ Lee Joon Ki

IU ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်အားပေးခဲ့တဲ့ Lee Joon Ki

ထိပ်တန်း မင်းသားချော မင်းသား Lee Joon-ki ဟာ IU ရဲ့ ဖျော်ဖြေပွဲ ခန်းမအတွင်းမှာ တွေ့ရှိခဲ့ရပြီး သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ နှစ်ယောက်တွဲ ဓာတ်ပုံလေးတွေအပြင် ပွဲက အခိုက်အတန့်တချို့ကို ဝေမျှလို့လာခဲ့ပါတယ်။

Lee Joon Ki က စက်တင်ဘာ ၁၉ ရက်နေ့မှာ သူ့ရဲ့ Instagram က တစ်ဆင့်“ဒီလက်ဆောင်တွေအားလုံးက ဒီရှိုးပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကမ္ဘာတစ်ခုလုံးကို လက်ထဲမှာ ကိုင်ထားသလိုမျိုး ကျွန်တော့်အတွက် ပျော်ရွှင်စေခဲ့တယ်။”

“ကျေးဇူးတင်ပါတယ် Ji Eun ရေ။ မင်းအရမ်းကြိုးစားခဲ့တယ်။ အဲဒါ အံ့သြစရာပဲ။ ဒီလို ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ခွန်အားတွေနဲ့အတူ ရိုက်ကူးရေးနေရာကို ပြန်သွားလိုက်မယ်။” ဆိုပြီး ဓာတ်ပုံအချို့ကို ပရိသတ်တွေထံ ဝေမျှလို့လာခဲ့တာပါ။

ဓာတ်ပုံများအရ Lee Joon Ki ဟာ ဆိုးလ်၊ Songpa-gu, Jamsil Sports Complex ရှိ Olympic Main Stadium မှာ ကျင်းပခဲ့တဲ့ IU ရဲ့  တစ်ကိုယ်တော် ဖျော်ဖြေပွဲ “Golden Hour” ကို ကြည့်ရှုခဲ့ပြီး စောင့်ဆိုင်းခန်းထဲမှာ IU နဲ့ တွဲရိုက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံဟာလည်း ထူးထူးခြားခြား ခင်မင်မှုကို ပြသနေတာကြောင့် ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

အထူးသဖြင့် မင်းသားဟာ IU ရဲ့ lightstick နဲ့ cushion လေးတို့ကို ကိုင်ဆောင်ထားရင်း ပျော်ရွှင်စွာ ပြုံးနေတာကို မြင်တွေ့ခဲ့ရတာပါ။ Lee Joon Ki နဲ့ IU တို့ဟာ SBS ရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဒရာမာ “Moon Lovers” မှာ တွဲဖက် သရုပ်ဆောင်တွေအဖြစ် အတူတွဲလုပ်ခဲ့ကြဖူးပါတယ်။

IU ကလည်း စက်တင်ဘာ ၁၇ ရက်နဲ့  ၁၈ ရက်တို့မှာ အိုလံပစ်ကွင်းကြီး၌  တစ်ကိုယ်တော် ဖျော်ဖြေပွဲကျင်းပနိုင်သည့် ပထမဆုံး ကိုရီးယားအမျိုးသမီးအဆိုတော်ဖြစ်လာခဲ့ပြီး ပရိသတ် ၈၅,၀၀၀ ကျော် ဖျော်ဖြေပွဲကို လာရောက်အားပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *