ရာဇဝတ်သားတွေကို နှိမ်နှင်းသွားမယ့် D.O. ရဲ့ “Bad Prosecutor” ဇာတ်လမ်းတွဲသစ်

ရာဇဝတ်သားတွေကို နှိမ်နှင်းသွားမယ့် D.O. ရဲ့ “Bad Prosecutor” ဇာတ်လမ်းတွဲသစ်

“Bad Prosecutor” ကတော့ EXO အဖွဲ့ဝင် D.O. ရဲ့ အမိုက်စား အခိုက်အတန့်တွေနဲ့အတူ သူတို့ရဲ့ teaser အသစ်လေးကို ချပြလို့လာခဲ့ပါပြီ။

KBS ရဲ့ “Bad Prosecutor” ဟာ လိုအပ်တဲ့ နည်းလမ်းတွေနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်မည်ဟု ယုံကြည်ထားသော အကျင့်ပျက်ရှေ့နေတစ်ဦးအကြောင်း ဒရာမာအသစ်ဖြစ်ပါတယ်။

D.O. ဟာ စည်းစိမ်ဥစ္စာနဲ့ အာဏာတို့ကို အသုံးချ၍ ဥပဒေအထက်မှာ နေထိုင်သူများကို ဖြုတ်ချရန် ဆုံးဖြတ်ထားသူ ထိပ်တန်း အစိုးရရှေ့နေ Jin Jung အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Lee Se Hee ကတော့ စီနီယာ အမှုလိုက်ရှေ့နေ Shin Ah Ra အဖြစ် သရုပ်ဆောင်သွားမှာဖြစ်သလို Ha Joon ကတော့ တတ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ ထိပ်တန်းသို့တက်လိုတဲ့ ရည်မှန်းချက်ကြီးသော အစိုးရရှေ့နေ Oh Do Hwan ကို ပုံဖော်ထားပါတယ်။

ထုတ်လုပ်သူများကလည်း ဒီဒုတိယမြောက် teaser လေးနဲ့ပတ်သက်ပြီး အရင်ကက တစ်ခါမှမမြင်ဖူးခဲ့တဲ့ ဆန်းသစ်တဲ့ အသွင်နဲ့ သူရဲကောင်း Jin Jung၊ Shin Ah Ra နဲ့ Oh Do Hwan တို့ရဲ့ ရုပ်ပုံတွေကို အစွမ်းထက်စွာ ဖမ်းယူထားခဲ့ပါတယ်။

Do Kyung Soo [D.O.]၊ Lee Se Hee နဲ့ Ha Joon တို့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှု chemistry နဲ့ ရယ်မောဖွယ်ရာ အခိုက်အတန့်တွေနဲ့အတူ ‘Bad Prosecutor’ ကတော့ အောက်တိုဘာလ ၅ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားတော့မှာပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *