အရင်က လှပတဲ့ မျက်နှာလေးနဲ့မတူဘဲ မမှတ်မိလောက်အောင် ပြောင်းလဲသွားတဲ့ Davichi’s Kang Min Kyung
Davichi အဖွဲ့ဟာ အသံပါဝါကောင်းကောင်း သီချင်းအေးအေးလေးတွေ၊ OST ဆွေးဆွေးလေးတွေနဲ့ ပရိသတ်အချစ်ကို သိမ်းပိုက်ထားတဲ့ ကိုရီးယား Pop Duo အဖွဲ့ဖြစ်ပါတယ်။
အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Kang Min Kyung ဟာလည်း လှပတဲ့ မျက်နှာပိုင်ရှင်အဖြစ်နာမည်ကြီးသူတစ်ယောက်ပါ။
ဆယ်လီ gossip ချန်နယ်တစ်ခုဖြစ်တဲ့ Sojang ကနေ “ကိုရီးယားရဲ့ အလှလေး Davichi’s Kang Min Kyung က ပလက်စတစ် ဆာဂျရီရဲ့ ဘေးထွက်ဆိုးကျိုးကို တဖြည်းဖြည်းခံစားလာရ” ဆိုတဲ့ခေါင်းစဉ်နဲ့ Min Kyung ရဲ့ လတ်တလော ပုံရိပ်တချို့ကို ဖော်ပြခဲ့ပါတယ်။
လှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့အညီ ကလေးလေးတစ်ယောက်လို အပြစ်ကင်းတဲ့ မျက်နှာလေးဟာ ပလက်စတစ်ဆာဂျရီ ခံယူပြီးမှာ အပြောင်းလဲကြီး ပြောင်းလဲသွားတာပါ။
Kang Min Kyung ဟာ မေးရိုးခွဲစိတ်ပြုပြင်ခြင်းကို ပြုလုပ်ခဲ့ပြီး ဒီခွဲစိတ်မှုက အချိန်ကြာလာတာနဲ့အမျှ သူမရဲ့မျက်နှာကို လျော့တွဲလာစေပါတယ်။ ဒီလိုဖြစ်လာတဲ့အတွက် ဒါကို ပြင်ဆင်ဖို့ fillers ထိုးတာမျိုးလို procedures အများအပြားကို ခံယူခဲ့လို့ ဖြစ်လာရတဲ့ ရလဒ်လို့ Sojang ချန်နယ်က ပြောထားပါတယ်။
၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ပရိသတ်ရှေ့ပြန်လည် ထွက်ပေါ်လာတဲ့ Kang Min Kyung ရဲ့ ပြည့်ဖောင်းနေပြီး သဘာဝမကျတဲ့ မျက်နှာပုံစံကြောင့် K-netizens များနဲ့ ပရိသတ်တွေ အကုန်လုံး အံ့အားသင့်ခဲ့ကြပါတယ်။
သင်ရော ဘယ်လိုမြင်ပါသလဲ ?
Soya