အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ Off Jumpol
အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ Off Jumpol
Off Jumpol ကတော့ GMM TV ရဲ့ ရေပန်းအစားဆုံး အမျိုးသားသရုပ်ဆောင်များထဲမှ တစ်ဦးဖြစ်သလို BL ပရိသတ်တွေကိုလည်း အခိုင်အမာ စုဆောင်းထားနိုင်ခဲ့တဲ့ မင်းသားချောတစ်ဦးပါ။
လက်ရှိမှာတော့ Off က အသက် ၃၁ နှစ် ရှိပြီဖြစ်ပေမယ့် ချောမောမှုပိုင်းအရတော့ အသက် ၂၀ ဝန်းကျင်လူငယ်တွေထက် မနိမ့်ကျသေးဘဲ ခန့်ညားနေဆဲပါပဲ။
အနုပညာလောကထဲကို အချိန်တိုအတွင်း ဝင်ရောက်လာသူဖြစ်ပေမယ့် ပြည်တွင်းနဲ့ ပြည်ပမှာပါ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ နာမည်ကောင်းရထားတဲ့ လူငယ်လေးတစ်ယောက်ပါ။
တစ်ဖက်မှာတော့ အခုလို အချစ်ခံ အနုပညာရှင်တစ်ယောက်ဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ကြုံတွေ့နေခဲ့ရတယ်လို့ သူ့ရဲ့မန်နေဂျာက ဖွင့်ဟလာခဲ့ပြီး မင်းသားရဲ့ နေအိမ်ကို “အသက်နဲ့ကိုယ် အိုးစားမကွဲချင်ရင် သတိထားပြီးနေ” ဆိုတဲ့ ခြိမ်းခြောက်စာတစ်စောင် ရောက်လာခဲ့ကြောင်း သိရပါတယ်။
ဒီအကြောင်းအရာကြောင့် ပရိသတ်တွေကတော့ Off ကို စိတ်ပူလို့နေကြပြီး Off ကတော့ ဘာမှမဖြစ်သလိုပဲ သူ့ရဲ့ IG ထက်မှာ ပရိသတ်တွေနဲ့ အပြန်အလှန် ဆက်သွယ်မှုတွေ ရှိနေဆဲဖြစ်တာကြောင့် လက်ရှိမှာတော့ စိတ်အေးနေရပါတယ်။
ဘယ်လိုပဲပြောပြော အခုလို ခြိမ်းခြောက်တဲ့ စာမျိုးတွေဟာ မင်းသားကို ထိခိုက်လိုတဲ့ လူ၊ အဖွဲ့အစည်းတို့က ဖြစ်နိုင်ဖွယ်ရှိပြီး Off ရဲ့ နေအိမ်နဲ့ ပတ်ဝန်းကျင်တို့ကိုတော့ စောင့်ကြည့်ကင်မရာနဲ့ လုံခြုံရေးတွေ တင်းကြပ်သွားဖို့ လိုအပ်နေပြီလို့ ထင်မိပါတယ်။