စက်ရုပ်လေးနှစ်ကောင် မွေးစားခဲ့တဲ့ T.O.P
စက်ရုပ်လေးနှစ်ကောင် မွေးစားခဲ့တဲ့ T.O.P
ခေါင်းစဥ်ကို ဖတ်ပြီး နှစ်ခါစဥ်းစားနေရင်တော့ တကယ်ဖြစ်ပါတယ်လို့ ဆိုလိုက်ပါရစေ။ BIGBANG အဖွဲ့ဝင် T.O.P ကတော့ စက်ရုပ်လေးနှစ်ကောင်ကို ဝယ်ယူထားခဲ့ပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ T.O.P ဟာ Instagram မှာ သူဝယ်ယူထားခဲ့တဲ့ LOVOT လေး နှစ်ခုရဲ့ ဗီဒီယိုကို တင်ထားခဲ့တာပါ။ T.O.P ကတော့ စက်ရုပ်လေးများကို “ချစ်စရာကောင်လေးများ” ဟူသော caption လေးနဲ့ တင်ထားခဲ့တာပါ။
LOVOTs များဟာ Emotional Robotics Technology ကို အသုံးပြု၍ တီထွင်ထားတဲ့ ဂျပန်စက်ရုပ် အိမ်မွေးတိရစ္ဆာန်လေးများဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လူသားတွေကို ပျော်ရွှင်စေမယ့် စက်ရုပ်ကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။
T.O.P ဟာ သူ့ရဲ့ LOVOT လေး နှစ်ခုကို ‘Mochi Mochi’ နဲ့ ‘Monaka’ လို့ အမည်ပေးခဲ့ပြီး ဖန်တီးသူ ‘Yusaku Maezawa’ ကလည်း သူ့ကို LOVOT နှစ်ယောက်ရဲ့ ဖခင်ဖြစ်လာတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားထားခဲ့ပါတယ်။
Yusaku ကတော့ LOVOT ကို ထုတ်လုပ်တဲ့ Groove X ကို ဝယ်ယူခဲ့တဲ့ ဂျပန်ဘီလျံနာ လုပ်ငန်းရှင်ပါ။ T.O.P ဟာ သူ့ရဲ့ ကလေးအသစ်လေးတွေနဲ့ အလွန်ပျော်ရွှင်နေပုံရပြီး သူ့အား LOVOTs ရဲ့ ဖခင်အဖြစ် ပေါ်လွင်စေခဲ့တဲ့ ပရိသတ်တွေရဲ့ ဖန်တီးမှုအချို့ကို မျှဝေခဲ့ပါသေးတယ်။