SM ရဲ့ trainee ဟောင်း Yiyang နဲ့ တွဲနေကြောင်း ဓာတ်ပုံတွေထွက်ပေါ်လာခဲ့တဲ့ EXO အဖွဲ့ဝင် Tao
SM ရဲ့ trainee ဟောင်း Yiyang နဲ့ တွဲနေကြောင်း ဓာတ်ပုံတွေထွက်ပေါ်လာခဲ့တဲ့ EXO အဖွဲ့ဝင် Tao
Tao နဲ့ Yiyang တို့ဟာ သူတို့ရဲ့ အချစ်ရေးကို ငြင်းဆိုထားကြပေမယ့် နောက်ထပ်တစ်ကြိမ် ချိန်းတွေ့နေကြကြောင်း တွေ့ရှိခဲ့ရပါတယ်။
မကြာသေးမီက တရုတ် paparazzi တစ်ယောက်ဟာ EXO အဖွဲ့ဝင်ဟောင်း Tao နဲ့ SM trainee ဟောင်း Yiyang တို့ကို စူပါမားကတ်မှာ အတူ စားသောက်ပြီး Tao ရဲ့အိမ်သို့ အတူတူပြန်လာတဲ့ ဗီဒီယိုဖိုင်ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။
စောင့်နေတုန်း နှစ်ယောက်သား ဖုန်းကို အတူတူ ကြည့်နေကြပြီး Yiyang က ဆံပင်တွေကိုဖွာလိုက်ပြီး Tao ကို ညင်သာစွာ တွန်းလိုက်ပုံတွေကို အမိအရ မှတ်တမ်းတင်နိုင်ခဲ့တာပါ။
Yiyang ဟာ SM Entertainment လက်အောက်ရှိ trainee တစ်ဦးနဲ့ SM Rookies အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ ပြန်ရောက်ပြီးနောက် Yiyang ဟာ Tao တည်ထောင်ထားတဲ့ L.TAO ဖျော်ဖြေရေးမှာ ပါဝင်ခဲ့သူပါ။
သူမဟာ idol survival show “Produce Camp 2020” မှာ ပါဝင်ခဲ့ဖူးသလို နောက်ဆုံးအဆင့်မှာမှ ဖယ်ရှားခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမအနေနဲ့ သရုပ်ဆောင်ပိုင်းကို အာရုံစိုက်နေတယ်လို့ သိရပါတယ်။
Tao နဲ့ Yiyang တို့ဟာ ချစ်သူတွေဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့တာဟာ ကြာပါပြီ။ ဒါပေမဲ့လည်း သူတို့ရဲ့ ကုမ္ပဏီတွေကတော့ ကောလာဟလတွေကို ငြင်းဆိုထားခဲ့ကြတာပါ။