ပရိသတ်တစ်ဦးရဲ့ပြောစကားကို မြေဝယ်မကျ နားထောင်ခဲ့တဲ့ IU

IU တစ်ယောက် လေဆိပ်မှာ တွေ့ဆုံခဲ့တဲ့ ပရိသတ်တွေကို ပြောတဲ့စကားဟာ အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံကို ဖမ်းစားထားခဲ့ပါတယ်။

စက်တင်လာလ ၂၂ ရက်မှာ IU ဟာ အီတလီနိုင်ငံက 23SS Fashion Show ကို တက်ရောက်ဖို့ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မီလန်မြို့ကိုထွက်ခွာခဲ့ပါတယ်။

လေဆိပ်ကိုသွားရာလမ်းမှာတော့ ပရိသတ်တစ်ယောက်က IU ကို “စားပြီးပြီလား” လို့မေးတဲ့အခါ “ဗိုက်ဆာနေသေးတာ” လို့ IU က ပြန်ဖြေခဲ့ပြီး နောက်တော့ ပရိသတ်ကလည်း “လေယာဉ်ပေါ်မှာ စားရမယ်နော်” လို့ ပြောတဲ့အခါ IU က “ဟုတ်” ဆိုပြီး “ဆူရှီစားမယ်” လို့ တိတ်တဆိတ် ပြန်ပြောခဲ့ပါတယ်။

ဒီ IU ရဲ့ video လေးဟာ အင်တာနက်ပေါ်မှာ အလျင်အမြန်ပဲ ပျံ့နှံ့သွားခဲ့ပြီး အခုမှ ဆုံတွေ့ဖူးတဲ့ ပရိသတ်တစ်ယောက်နဲ့ အပြန်အလှန် ရင်းရင်းနှီးနှီး ဆက်ဆံစကားပြောနေတဲ့ IU ကိုလည်း  အင်တာနက်သုံးစွဲသူတွေက “ချစ်စရာကောင်းတယ်”  ဆိုပြီး ချီးမွမ်းသွားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x