ပဲရစ်မြို့လယ်ခေါင်မှာ လက်ချင်းချိတ်ပြီး လျှောက်လည်နေတဲ့ Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ပုံရိပ်အသစ်ထွက်ပေါ်
ပဲရစ်မြို့လည်ခေါင်မှာ လက်ချင်းချိတ်ပြီး လျှောက်လည်နေတဲ့ Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ပုံရိပ်အသစ်ထွက်ပေါ်
ကိုရီးယားအနုပညာလောကရဲ့ ထိပ်တန်းစုံတွဲတစ်တွဲဖြစ်တဲ့ မင်းသား Kim Woo Bin နဲ့ မင်းသမီး Shin Min Ah တို့ဟာဆိုရင် လတ်တလောအချိန်ကာလမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ဆီကို အလည်အပတ်ခရီးရောက်ရှိနေကြတာ ဖြစ်ပါတယ်။
ဒီလိုမျိုးပဲရစ်မြို့မှာ ရောက်ရှိနေကြတဲ့ သူတို့ချစ်သူစုံတွဲရဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှ ဒိတ်တင်းပုံရိပ်တွေဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အင်တာနက်စာမျက်နှာပေါ် ရောက်ရှိလာခဲ့သလို အခုတစ်ဖန်မှာလည်း နောက်ထပ်လှုပ်ရှားမှု ပုံရိပ်အသစ်တစ်ခု ထွက်ပေါ်လို့လာခဲ့တာကို တွေ့ရပါတယ်။
အဲဒါကတော့ ပဲရစ်မြို့လည်ခေါင်မှာ နှစ်ဦးသား လက်ချင်းချိတ်ပြီး လွတ်လပ်ပေါ့ပါးစွာ အချိန်ကုန်ဆုံးနေကြတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ ယင်းဗီဒီယိုဖိုင်ထဲမှာဆိုရင် Kim Woo Bin နဲ့ Shin Min Ah တို့နှစ်ယောက်ကို အဖြူရောင်ဖက်ရှင်နဲ့ လိုက်ဖက်ကြည့်ကောင်းနေတာ တွေ့ရမှာပါ။
သူတို့ချစ်သူနှစ်ဦးဟာဆိုရင် ချစ်ကြိုက်လာခဲ့ကြတာ ၇ နှစ်ကျော်နေပြီဆိုပေမယ့်လည်း လူအများမြင်ကွင်းမှာ အခုလိုမျိုး တွဲသွားတွဲလာပြုလုပ်ကြတယ်ဆိုတာ အတော်လေးကိုရှားပါးလှပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက်ကတော့ သူတို့နှစ်ဦးကို ဒီလိုမြင်တွေ့ရတာ စိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတစ်ခုဖြစ်နေပြီး မကြာခင်မှာအချိန်တောတွင်းမှာလည်း နှစ်ယောက်သား ရွှေလက်တွဲကြဖို့အတွက် မျှော်လင့်စောင့်စားလျက်ရှိနေကြပါတယ်။
Ref : GStarLive
Nemo