၁၀ နှစ်အကြာမှာမှ မင်းသမီး Shin Hyun Bin နဲ့ အချစ်ဇာတ်လမ်းတွဲသစ်မှာ ပါဝင်လာတော့မယ့် Jung Woo Sung

၁၀ နှစ်အကြာမှာမှ မင်းသမီး Shin Hyun Bin နဲ့ အချစ်ဇာတ်လမ်းတွဲသစ်မှာ ပါဝင်လာတော့မယ့် Jung Woo Sung

ထိပ်တန်း မင်းသား Jung Woo Sung ဟာ မင်းသမီး Shin Hyun Bin  နဲ့အတူ ၁၀ နှစ်တာ ကာလအတွင်း သူ့ရဲ့ ပထမဆုံး K-Drama အဖြစ် ပါဝင်သရုပ်ဆောင်သွားတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့မှာ Studio & New မှ Jung Woo Sung နဲ့ Shin Hyun Bin တို့ဟာ မကြာမီထွက်ရှိတော့မည့် အချစ်ဇာတ်လမ်းတွဲ ‘Tell Me That You Love Me’ မှာ ပါဝင်သရုပ်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီ K-Drama သစ်ဟာ ‘The Television Drama Academy Awards’ မှာ ဆုများစွာရရှိခဲ့တဲ့ ၁၉၉၅ ခုနှစ်ထွက် ဂျပန် ဇာတ်လမ်းတွဲကို အခြေခံထားတယ်လို့ သိရပါတယ်။

Jung Woo Sung က ဒီ drama ထဲမှာတော့ အကြားအာရုံချို့ယွင်းသော်လည်း သူ့ကိုယ်ပိုင်ကမ္ဘာမှာ  လွတ်လပ်မှုခံစားရတဲ့ Cha Jin Woo အဖြစ် သရုပ်ဆောင်ထားပြီး Shin Hyun Bin တော့ သူ့ကိုယ်သူ ချစ်မြတ်နိုးတဲ့ အမျိုးသမီး Jung Mo Eun အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒါဟာ ၂၀၁၂ ခုနှစ်မှာ ထုတ်လွှင့် ပြီးဆုံးခဲ့တဲ့ သူ့ရဲ့ drama ‘Padam Padam’ နောက်ပိုင်း Jung Woo Sung ရဲ့ ပထမဆုံးသော K-Drama ဖြစ်လာခဲ့ပြီး ဒီလိုပြန်လည် ရိုက်ကူးနိုင်ဖို့အတွက် မင်းသားဟာ ဆယ်စုနှစ် အချိန်ယူခဲ့တာပါ။

‘Tell Me That You Loved Me’ ဇာတ်လမ်းတွဲကိုတော့ ယခုနှစ်မှာ စတင်ရိုက်ကူးသွားဖို့ မျှော်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published.