သဲထိတ်ရင်ဖို ဇာတ်ကားသစ်မှာ Song Joong Ki နဲ့ တွဲဖက်သွားရမယ့် Bibi
သဲထိတ်ရင်ဖို ဇာတ်ကားသစ်မှာ Song Joong Ki နဲ့ တွဲဖက်သွားရမယ့် Bibi
စက်တင်ဘာ ၂၃ ရက်က မီဒီယာများရဲ့ ဖော်ပြချက်အရ အဆိုတော်/မင်းသမီး Bibi ကတော့ လတ်တလောမှာ Song Joong Ki ပါဝင်ထားတဲ့ ‘Calamity’ ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
ဒီဇာတ်ကားကတော့ ဘေးဒုက္ခသည်များရဲ့ သူတို့ဘဝရဲ့ မရဏ အမှန်တရားတွေမှ လွတ်မြောက်ရန်အတွက် အန္တရာယ်ရှိသော လမ်းကြောင်းဆီသို့ ခုတ်မောင်းနေသူများကို ဖော်ကျူးထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားဖြစ်တယ်လို့ သိရပါတယ်။
အရင်တုန်းကတော့ Song Joong Ki ဟာ ဒီပရောဂျက်ရဲ့ အမျိုးသားဇာတ်ဆောင်အဖြစ် လက်ခံခဲ့အပြီးမှာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိထားခဲ့ပါတယ်။
ဒါကြောင့် ပရိသတ်အချစ်တော် Bibi သာ ပါဝင်လာမယ်ဆိုရင်တော့ ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ကောင်းလာမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ Bibi ဟာ ၂၀၂၁ ခုနှစ်က ‘Whispering Corridors 6: The Humming’ မှာ သူမရဲ့ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ပြသခဲ့ပြီး အားပေးလက်ခံမှုတွေ ရရှိထားခဲ့သူပါ။
အဲဲဒီနောက် ယခုသီတင်းပတ်အစောပိုင်းမှာလည်း အဆိုတော်/မင်းသမီးဟာ Disney+ ရဲ့ ဒရာမာစီးရီး ‘The Greatest Evil’ မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရကြောင်း သတင်းများထွက်ပေါ်ခဲ့ပါသေးတယ်။
တစ်ဆက်တည်းမှာပဲ Bibi ဟာ သူမရဲ့ album အသစ် ‘Lowlife Princess – Noir’ အကြိုထွက်ရှိထားတဲ့ single “Animal Farm” MV ကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ဖြန့်ချိသွားဖို့ ပြင်ဆင်နေပါတယ်။