Drama သစ်မှာ Cha Eun Woo နဲ့ တွဲဖက်သွားရမယ့် Park Gyu Young

Drama သစ်မှာ Cha Eun Woo နဲ့ တွဲဖက်သွားရမယ့် Park Gyu Young

Park Gyu Young ဟာ လာမယ့် Drama သစ် “A Good Day to Be a Dog” မှာ ASTRO အဖွဲ့ဝင် Cha Eun Woo နဲ့အတူ တွဲဖက် ပါဝင်သွားမှာဖြစ်ပါတယ်။

နာမည်တူ webtoon ကို အခြေခံထားတဲ့ “A Good Day to Be a Dog” ဟာ ယောက်ျားတစ်ယောက်ကို နမ်းလိုက်တဲ့အခါ ခွေးအဖြစ် ပြောင်းလဲရန်အတွက် ကျိန်စာတိုက်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးအကြောင်း စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတစ်ခုပါ။

သို့သော်လည်း သူမဲရဲ့ ကျိန်စာတွေကို ချေဖျက်ပေးနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ သူ မမှတ်မိနိုင်တော့တဲ့ ထိတ်လန့်စရာ ဖြစ်ရပ်တစ်ခုကြောင့် ခွေးကို အလွန်ကြောက်တတ်တဲ့ အမျိုးသား ဖြစ်နေပါတယ်။

Park Gyu Young ကတော့ ရုပ်ချောပြီး ဉာဏ်ရည်ထက်မြက်သော ဆရာမ Han Hae Na အဖြစ် ဒရာမာမှာ အဓိက မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဆရာချင်းဖြစ်သူ Jin Seo Won (Cha Eun Woo) ကိုနမ်းပြီးနောက် သူမဟာ သူမဘဝရဲ့ အကြီးမားဆုံးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသူအဖြစ် မြင်တွေ့သွားရမှာပါ။

Cha Eun Woo ကတော့ အဓိက မင်းသားအဖြစ် Jin Seo Won ဇာတ်ဆောင်အတွက် ယခင်က အတည်ပြုခဲ့ပြီး Lee Hyun Woo ကတော့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် Lee Bo Gyeom အဖြစ် သရုပ်ဆောင်သွားမှာပါ။

“A Good Day to Be a Dog” ကို အောက်တိုဘာလမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပြီး ဒီဒရာမာအသစ်မှာ Park Gyu Young နဲ့ Cha Eun Woo တို့ရဲ့ ပထမအကြိမ် တွဲဖက်မှုကို မြင်တွေ့ရမှာဖြစ်တာကြောင့် ပရိသတ်တွေလည်း စိတ်လှုပ်ရှားနေလောက်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

x