အမှုနိုင်ပြီးနောက် ချစ်သူသစ် ရှေ့နေမလေးနဲ့ တွဲနေခဲ့ပြီဖြစ်တဲ့ Johnny Depp

အမှုနိုင်ပြီးနောက် ချစ်သူသစ် ရှေ့နေမလေးနဲ့ တွဲနေခဲ့ပြီဖြစ်တဲ့ Johnny Depp

ကမ္ဘာကျော် မင်းသား Johnny Depp က အမျိုးသမီး ရှေ့နေ Joelle Rich နဲ့ တွဲနေခဲ့ပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က Page Six က ဖော်ပြခဲ့ပါတယ်။

Us Weekly ရဲ့ အဆိုအရ Johnny Depp ဟာ ချစ်သူအသစ်ဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ရှေ့နေနဲ့ လန်ဒန်မှာ နေထိုင်လျက်ရှိပြီး သူမမှာ ခင်ပွန်းနဲ့ ကလေးနှစ်ဦးရှိနေပြီဖြစ်သော်လည်း တရားဝင်ကွာရှင်းရန် အမိန့်ကို စောင့်ဆိုင်းကာ သီးခြားနေထိုင်လျက်ရှိပါတယ်။

Joelle Rich ဟာ လန်ဒန်ရှိ ဥပဒေကျောင်းမှ ဘွဲ့ရရှိခဲ့သူဖြစ်ပြီး သူမဟာ ၂၀၂၀ ခုနှစ်မှာ Johnny Depp ရဲ့ တရားစွဲဆိုမှုမှာ ပါဝင်ခဲ့ပြီး Johnny Depp ဟာ The Sun ကိုအသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။

သတင်းရင်းမြစ်တစ်ခုအရ Johnny Depp နဲ့ Joelle Rich တို့ဟာ ချစ်သူတွေအဖြစ် တွဲနေကြပြီး Joelle Rich ယာ ဧပြီလက Johnny ရဲ့ ဇနီးဟောင်း Amber Heard တို့ရဲ့ တရားရင်ဆိုင်မှုမှာ ပါဝင်ခဲ့ခြင်းမရှိသော်လည်း ဇွန်လမှာတော့ Johnny ကို အားပေးရန်အတွက် တရားရုံးကို တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်အထိတော့ နှစ်ဖက်စလုံးက Johnny နဲ့ Joelle Rich တို့ရဲ့ အချစ်ရေးသတင်းကို တုံ့ပြန်ဖို့ မထွက်သေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *