Song Hye Kyo ဟာ သူအနှစ်သက်ဆုံး အမျိုးသမီးဖြစ်တယ်လို့ ဆိုလာခဲ့တဲ့ Lee Min Ho
Song Hye Kyo ဟာ သူအနှစ်သက်ဆုံး အမျိုးသမီးဖြစ်တယ်လို့ ဆိုလာခဲ့တဲ့ Lee Min Ho
ထိပ်တန်း မင်းသားချော Lee Min Ho ဟာ သူ့ရဲ့ချောမာမှုတွေနဲ့အတူ မပြောင်းလဲဘဲ ခန့်ညားနေဆဲဖြစ်တာကြောင့် အမျိုးသမီးတွေရဲ့ အိပ်မက်တွေထဲက အလိုအရှိဆုံး အမျိုးသားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
ယခုအချိန်အထိတော့ Lee Min Ho ဟာ ချစ်သူအသစ် ရှာမတွေ့သေးဘဲ တစ်ကိုယ်တည်းဘဝနဲ့ အရိုးထုတ်နေဆဲဖြစ်ပေမဲ့ မကြာသေးခင်ကတော့ သူအနှစ်သက်ဆုံးသော အမျိုးသမီးဟာ နာမည်ကျော် မင်းသမီး Song Hye Kyo ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
Song Hye Kyo ဟာ သူနှစ်သက်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ Lee Min Ho က ဆိုပါတယ်။ ဒါတင်မကသေးဘဲ ဒီလူချောက သူမကို အပြင်မှာတွေ့ပြီး ရှေ့မှာ စကားပြောရမယ်ဆိုရင် စိတ်လှုပ်ရှားလွန်းပြီး ကြောက်နေလိမ့်မယ််လို့တောင် ဆိုသွားခဲ့တာပါ။
အဲဲဒီလိုနဲ့ တစ်ရက်မှာတော့ အအောင်မြင် အကျော်ကြားဆုံး သူတို့နှစ်ဦးဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံ၊ နာယူးယော့ခ်မှာ ကျင်းပတဲ့ Fendi ဖက်ရှင်အမှတ်တံဆိပ် ဖက်ရှင်ရှိုးမှာ တရားဝင်တွေ့ဆုံခဲ့ကြပါတော့တယ်။
အဲဒီနေ့မှာတော့ Lee Min Ho နဲ့ Song Hye Kyo တို့ဟာ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ထိုင်ရင်း ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုခဲ့ကြပါတယ်။ Lee Min Ho ကလည်း သူသဘောကျတဲ့ မင်းသမီးနဲ့ ဆုံတွေ့ခဲ့ရတော့ စိတ်လှုပ်ရှားနေခဲ့ပုံပါပဲ။
သူတို့ရဲ့ ချောမောမှုတွေနဲ့ နာမည်ဂုဏ်သတင်းဟာ တကယ်လိုက်ဖက်တဲ့ အနေအထားမှာ ရှိခဲ့တာကြောင့်လည်း သတင်းထောက်တွေက နှစ်ယောက်သားရဲ့ ဓာတ်ပုံတွေကို အမိအရ ရိုက်ကူးခဲ့ကြပါတယ်။
ပရိသတ်တွေကလည်း ဒီနှစ်ယောက်ကို မြင်တွေ့အပြီးမှာ Drama တွဲဖက် ရိုက်ကူးစေချင်ကြကြောင့် ဆန္ဒပြုနေခဲ့ကြသလို Lee Min Ho ကိုလည်း သူနှစ်သက်တဲ့ အမျိုးသမီးနဲ့ တွေ့ဆုံခဲ့တာကြောင့် ပရိသတ်တွေက ဝမ်းသာကြည်နူးပေးခဲ့ကြပါတယ်။