စင်ပေါ်မှာ မဖျော်ဖြေခင်တိုင်း Rosé လုပ်လေ့ရှိတတ်တဲ့ ချစ်စရာ အမူအကျင့်တစ်ခု

စင်ပေါ်မှာ မဖျော်ဖြေခင်တိုင်း Rosé လုပ်လေ့ရှိတတ်တဲ့ ချစ်စရာ အမူအကျင့်တစ်ခု

BLACKPINK အဖွဲ့ဝင်လေး Rose ကတော့ ဖျော်ဖြေတင်ဆင်မှုတွေရဲ့ နောက်ကွယ်က သူမရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်ဖော်ပြီးနောက်မှာတော့ ပရိသတ်တွေကို ရယ်မောစေခဲ့ပါတော့တယ်။

Rosé ကတော့ ဖျော်ဖြေမှု မပြုလုပ်ခင်တိုင်း ပြင်ဆင်ပုံ အသေးစိတ်ကို အခုလို ပြောပြလာခဲ့ပါတယ်။ “ကျွန်မက အစားကြီးတဲ့သူပါ။ အမြဲတမ်းနီးပါး ပါးစပ်ထဲမှာ တစ်ခုခုဝါးနေရတာကြိုက်ပြီး ပါးစပ်ထဲမှာ အစာမရှိနေတာကို မကြိုက်ပါဘူး” လို့ Rose က ဆိုလာခဲ့ပါတယ်။

“မဖျော်ဖြေခင်မှာ အနည်းဆုံး သရေစာတစ်ခုခု ဒါမှမဟုတ် အသီးအနှံတွေကို စားလေ့ရှိပါတယ်။ ပွဲမစခင်မှာ တစ်ခုခုစားလိုက်ရမှ၊ မဟုတ်ရင် ကျွန်မ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေလိမ့်မယ်” လို့ သူ့ရဲ့ အမူအကျင့်တစ်ခုကို ဝေမျှလို့သွားခဲ့ပါတယ်။

Rosé ရဲ့ ပြောပြပုံအရ အစားအသောက်ဟာ သူမ ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူမဟာ ရိုက်ကူးမှု မပြုလုပ်ခင်တိုင်းလည် ပါးစပ်ထဲမှာ စားစရာတစ်ခုခု အမြဲရှိနေတတ်တာကြောင့် မကြာခဏဆိုသလို အရင်းနှီးဆုံး ပရိသတ်တွေကတော့ သတိထားမိခဲ့ပြမှာပါ။

ဒါပေမယ့် Rosé က အမြဲမပြတ် စားနေတတ်သူဖြစ်ပေမဲ့ သူစားတဲ့ အစားအစာ အများစုကတော့ လတ်ဆတ်တဲ့ ပန်းသီး၊ မုန်လာဥနီ တို့လိုမျိုး အသီးအရွက်တွေပါ။

အဆာပြေအနေနဲ့ကတော့ ကိုယ်အလေးချိန်တက်တာကို သိသိသာသာ မထိခိုက်စေတဲ့ အကြော်တွေနဲ့ သားရည်စာမုန့်တွေကို စားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x