ရုပ်ရှင်သစ်မှာ တစ်ခါမှမမြင်တွေ့ဖူးတဲ့ ဇာတ်ကောင်မျိုးနဲ့ မြင်တွေ့သွားရမယ့် Nam Joo Hyuk

ရုပ်ရှင်သစ်မှာ တစ်ခါမှမမြင်တွေ့ဖူးတဲ့ ဇာတ်ကောင်မျိုးနဲ့ မြင်တွေ့သွားရမယ့် Nam Joo Hyuk

မကြာမီမှာ ပြသသွားမယ့် “Remember” ဇာတ်ကားကတော့ မင်းသား Nam Joo Hyuk အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ပရိသတ်တွေ တစ်ခါမှ မမြင်တွေ့ဖူးတဲ့ ဇာတ်ကောင်မျိုးကို မြင်တွေ့သွားရမယ်လို့ ဆိုထားခဲ့ပါတယ်။

“Remember” ဇာတ်ကားဟာ ကိုရီးယားနိုင်ငံကို ဂျပန်တို့သိမ်းပိုက်စဉ်အတွင်း အရာအားလုံး ဆုံးရှုံးခဲ့ရတဲ့ အသက် ရှစ်ဆယ်ကျော် အယ်လ်ဇိုင်းမားရောဂါရှိ အဘိုးအို Pil Joo (Lee Sung Min) ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။

Nam Joo Hyuk ကတော့ မိသားစုစားသောက်ဆိုင်မှာ Pil Joo နဲ့ အတူ အလုပ်လုပ်နေသော အသက်နှစ်ဆယ်ကျော် လူငယ်လေး In Gyu အဖြစ် သရုပ်ဆောင်ထားပြီး လက်စားချေရန် ကြံစည်မှုမှာ မရည်ရွယ်ဘဲ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

In Gyu အဖြစ် သူ့ရဲ့သရုပ်ဆောင်ချက်ကနေတစ်ဆင့် Nam Joo Hyuk ဟာ စိတ်ခံစားမှု ပြောင်းလဲခြင်းများစွာကို သရုပ်ပြမှာ ဖြစ်ပါတယ်။ Pil Joo ရဲ့ လက်စားချေရန် ကြံစည်မှုမှာ သူဟာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ရောက်သွားပုံဟာ ကြည့်ရှုသူတွေအတွက် စူးစမ်းလိုစိတ်တွေ ဖြစ်လာပါစေလိမ့်မယ်။

Nam Joo Hyuk က “ဒါဟာ အခုအချိန်အထိ ကျွန်တော် မလုပ်ဖူးသေးတဲ့ ဇာတ်ကောင်တစ်ခုလို့ ခံစားရတယ်။ သူ ရည်ရွယ်ဘဲ ချုပ်နှောင်ထားတဲ့ အခြေအနေမှာ စိတ်ခံစားမှု အမျိုးမျိုး ပြောင်းလဲမှုတွေကို ဖော်ပြတဲ့ လုပ်ငန်းစဉ်က စိတ်ဝင်စားစရာပါပဲ။” လို့ သူ့ရဲ့ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ဖွင့်ဟသွားခဲ့ပါတယ်။

ဒါရိုက်တာ Lee Il Hyung ကလည်း “Nam Joo Hyuk က အသက်နှစ်ဆယ်ကျော် သာမာန်လူငယ်တစ်ယောက်ဖြစ်တဲ့ In Gyu ရဲ့ ဇာတ်ကောင်စရိုက်ကို များပြားစွာ ဖော်ပြခဲ့ပြီး မျိုးဆက်တွေကို ကျော်ဖြတ်ခဲ့တဲ့ Pil Joo နဲ့ In Gyu တို့ရဲ့ chemustry နဲ့ ချစ်ကြည်ရင်းနှီးမှုကို ကောင်းကောင်းဖန်တီးနိုင်ခဲ့ပါတယ်။” လို့ ဆိုသွားခဲ့ပါတယ်။

“Remember” ဇာတ်ကားကိုတော့ အောက်တိုဘာ ၂၆ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x