နယူးဇီလန်မှာရိုက်ကူးမယ့် ရသစုံလင်ရှိုးမှာ ပါဝင်မယ့် နာမည်ကြီး မင်းသားလေးယောက်

နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Ha Jung Woo, Joo Ji Hoon, SHINee’s Minho နဲ့ Yeo Jin Goo တို့လေးယောက်ကို ရသစုံလင်ရှိုးတစ်ခုတည်းမှာ အတူတကွ တွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ XSports News သတင်းတွေအရ မင်းသားလေးယောက်စလုံးဟာ ပရိုဂရမ်အသစ်အတွက် နယူးဇီလန်ကို ထွက်ခွာသွားကြတယ်လို့ ဖော်ပြထားပါတယ်။

ရိုက်ကူးရေးအတွက် နယူးဇီလန်ကို သွားတာကပင် လူမှုကွန်ရက်ပေါ်မှာ ပရိသတ်အများရဲ့ အာရုံစိုက်မှုကို ရရှိနေပြီး ဘယ်လို ရသစုံလင်ရှိုးမျိုးဖြစ်မလဲဆိုတာ စိတ်ဝင်စားနေကြပါတယ်။

ရှိုးနဲ့ပတ်သက်ပြီး ဘယ်အချိန်မှာ ဘယ်ချန်နယ်ကနေ ထုတ်လွှင့်ပြသမလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

2019 ခုနှစ်က Kidnapped ရုပ်ရှင်ဇာတ်ကားမှာ အတူတွဲသရုပ်ဆောင်ဖူးတဲ့ Ha Jung Woo နဲ့ Joo Ji Hoon တို့ရဲ့ အတွဲညီမှု၊ 2008 ခုနှစ်က ရုပ်ရှင် Antique မှာ Yeo Jin Goo က Joo Ji Hoon ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ဖူးတဲ့ ခင်မင်မှုတွေနဲ့ ရသစုံလင်ရှိုးကို ဘယ်လို တင်ဆက်ကြမလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်နေတာပါ။

သင်ရော သူတို့လေးယောက်ရဲ့ Variety Show ကို စိတ်ဝင်စားနေပြီလား ?

Soya

Leave a Reply

Your email address will not be published. Required fields are marked *

x