ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ ပရိသတ်အများဆုံး အမျိုးသား အနုပညာရှင်များ

ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ ပရိသတ်အများဆုံး အမျိုးသား အနုပညာရှင်များ

ထိုင်းနိုင်ငံရဲ့ ဖျော်ဖြေရေးလောကဟာ ပြည်တွင်းပြည်ပ ပရိသတ်များရဲ့ အရှိန်အဟုန်ကို ရရှိလာကာ ထိုင်းအမျိုးသား၊ အမျိုးသမီး အနုပညာရှင်များစွာဟာလည်း ပြည်တွင်းနဲ့ နိုင်ငံတကာဈေးကွက်များစွာကို ဝင်ရောက်လွှမ်းမိုးနိုင်ခဲ့ပါတယ်။

ထိုင်းဇာတ်လမ်းတွဲတွေနဲ့ သီချင်းတွေက အရမ်းနာမည်ကြီးလာပြီး ဒါတွေအားလုံးဟာလည်း ထိုင်းကြယ်ပွင့်တွေရဲ့ အရည်အချင်းနဲ့ လှပမှုကနေ မြစ်ဖျားခံလာတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာထက်မှာ အကျော်ကြားဆုံးဖြစ်နေတဲ့ အမျိုးသား အနုပညာရှင်လေးတွေကို ဖော်ပြပေးသွားချင်ပါတယ်။

အထူးသဖြင့် နိုင်ငံတကာ လူသုံးအများဆုံး လူမှုကွန်ယက် Instagram ထက်မှာ Follower သန်းချီပြီးအထိ အားပေးမှု အခိုင်အမာရရှိထားတဲ့ ထိုင်း အမျိုးသားချောလေးတွေကို ကြည့်ရှုပေးကြပါဦး။

1. BamBam

GOT7 အဖွဲ့ဝင်လေး BamBam ကတော့ Instagram မှာ Follower 16.7 သန်းအထိ ရှိပြီး နိုင်ငံတကာ ပရိသတ်အများဆုံး အနုပညာရှင်လေး ဖြစ်ပါတယ်။

2. Bright Wachiravit

Bright ကတော့ ကမ္ဘာ့ အကျော်ကြားဆုံး ထိုင်းမင်းသားတစ်လက်ဖြစ်နေပြီး IG မှာလည်း Follower 16.1 သန်းတောင် ပိုင်ဆိုင်ထားပါတယ်။

3. Win Matawin

မင်းသားချော Win Metawin ကလည်း Instagram မှာ Follower 14 သန်းအထိ ရှိနေပါတယ်။

4. Boy Pakorn

တန်ကြေးအမြင့်ဆုံး မင်းသား Boy Pakorn ကတော့ Instagram Follower စုစုပေါင်း 9.3 သန်းအထိ ရှိပါတယ်။

5. Mario Maurer

တစ်ကမ္ဘာလုံးရဲ့ အချစ်ခံ မင်းသားလေးလို့ ဆိုရမယ့် Mario ကလည်း Instagram Follower 8.2 သန်း ပိုင်ဆိုင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *