နောက်ဆုံး အပိုင်းသစ်မှာ ကိုယ်ပိုင်စံချိန်သစ် အမြင့်ဆုံး စိုက်ထူနိုင်ခဲ့တဲ့ ‘Little Women’

ထုတ်လွှင့်ပြသနေဆဲ ဒရာမာတစ်ခုဖြစ်တဲ့ Little Women ရဲ့ နောက်ဆုံး အပိုင်းသစ်ကတော့ ကိုယ်ပိုင် စံချိန်တွေထဲမှာ အကောင်းဆုံး စံချိန်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။

Nielsen Korea ရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ၂၅ မှာထုတ်လွှင့်ပြသတဲ့ ‘Little Woman’ အပိုင်းသစ်ဟာ တစ်နိုင်ငံလုံအားဖြင့် viewership ratings 8.676 ရာခိုင်နှုန်း ရရှိခဲ့ပြီး ဆိုးလ်ဧရိယာမှာ 9.71 ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

လျှို့ဝှက်ချက်များလှတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက ကြည့်ရှုသူတွေကို အပိုင်းသစ်တွေကို ပိုလို့စောင့်ကြည့်ချင်စိတ် ဖြစ်ပေါ်စေပါတယ်။

‘Little Women’ ဒရာမာဟာ စုစုပေါင်း အပိုင်း ၁၂ ပိုင်းထွက်ရှိမှာဖြစ်ပြီး နောက်ဆုံး အပိုင်းကိုတော့ အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာပါ။

မင်းသမီးချော Kim Goeun၊ Nam Jihyun၊ Park Jihu နဲ့ မင်းသား Wi Hajoon တို့က အဓိကဇာတ်ဆောင်တွေအဖြစ် သရုပ်ဆောင်ထားပြီး သနားစရာကောင်းပြီး ငွေကြေးချို့တဲ့ တဲ့ ညီအစ်မသုံးယောက်ဟာ ကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ပြီးနောက် တောင်ကိုရီးယားမှာ အချမ်းသာဆုံးနဲ့ ဩဇာအကြီးမားဆုံး မိသားစုနဲ့ ရင်ဆိုင်ရပုံကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို ကြည့်နေတဲ့သူတွေရှိလား ?

Soya

Leave a Reply

Your email address will not be published. Required fields are marked *

x