ကောလဟာလတွေပြီးနောက် ပရိသတ်မြင်ကွင်းရှေ့ကို ပထမဆုံး ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ Nam Joo Hyuk

Nam Joo Hyuk ဟာ ‘Remember ‘ ဇာတ်ကားအတွက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပြီး သူ့ရဲ့ ကျောင်းတွင်း အနိုင်ကျင့်မှု ကောလဟာလတွေနောက်ပိုင်း ပထမဆုံးအကြိမ် ပရိသတ်မြင်ကွင်းရှေ့ကို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ ‘Remember’ ရုပ်ရှင်အတွက် သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အခမ်းအနားမှာ ဇာတ်ဆောင်နှစ်ဦးနှင့်အတူ ဒါရိုက်တာအဖွဲ့ဝင်များက စာနယ်ဇင်းသမားတွေရဲ့ မေးမြန်းမှုများကို ဖြေကြားခဲ့ပါတယ်။
ဒီဇာတ်ကားကတော့ မင်းသား Lee Sung Min နဲ့ Nam Joo Hyuk တို့ရဲ့ လက်စားချေရန် ကြံစည်နေစဉ်မှာ မထင်မှတ်ဘဲ မိတ်ဖွဲ့ခဲ့တဲ့ ရုပ်ရှင်မျိုးဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ chemistry တွေကို ဖန်သားပြင်ပေါ်မှာ ပြသခဲ့ပါတယ်။
ပွဲတက်ရောက်လာသူ မင်းသား Nam Joo Hyuk က “ဒီပွဲရဲ့ အငွေ့အသက်က အံ့မခန်းပါပဲ။ Lee Sung Min က တကယ်ကို လိုက်ဖက်ညီပြီး ဖော်ရွေပါတယ်။ တစ်ခါတလေကျရင် သူက ကျွန်တော့်ကို ဓါတ်ပုံရိုက်ပေးသေးတယ်” လို့ သူနဲ့ စီနီယာမင်းသားကြီးကြားက ဆက်ဆံရေးကို ပြောပြသွားခဲ့ပါတယ်။
ပရိသတ်တွေကတော့ ကောလဟာလတွေကြောင့် စိတ်ထိခိုက်မှုတွေ ကြုံတွေ့ခဲ့ရတဲ့ မင်းသားကို ပြန်လည်မြင်တွေ့ခဲ့ရတာကြောင့် ဝမ်းသာကြည်နူးနေကြပြီး ဒီအတောအတွင်းမှာပဲ ‘Remember’ ကို အောက်တိုဘာ ၂၆ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။