မကြာမီမှာ EXO ရဲ့ Comeback ကို မြင်တွေ့သွားရဖွယ်ရှိ

မကြာမီမှာ EXO ရဲ့ Comeback ကို မြင်တွေ့သွားရဖွယ်ရှိ

EXO အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Xiumin နဲ့ Sehun တို့ဟာ အဖွဲ့ရဲ့ comeback နဲ့ ပတ်သက်တဲ့ မေးခွန်းကို EXO-L တို့ မျှော်လင်ထားခဲ့သလို တုံ့ပြန်သွားခဲ့ကြပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့က EXO အဖွဲ့ဝင် Xiumin ရဲ့ တရားဝင် တစ်ကိုယ်တော် ပွဲဦးထွက် ပွဲမတိုင်မီမှာ အဖွဲ့ဝင် Sehun ဟာ Xiumin ရဲ့ ပထမဆုံး တစ်ကိုယ်တော် mini-album “Brand New” အတွက် MC အဖြစ် သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့တာပါ။

EXO ဟာ အဖွဲ့ဝင်များရဲ့ စစ်မှုထမ်း တာဝန်တို့ကြောင့် အဖွဲ့တစ်ဖွဲ့အဖြစ်နဲ့ လူစုံတက်စုံ comeback ပရိုမိုးရှင်းများ မပြုလုပ်ခဲ့ရတာဟာ ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Kpop Herald မှ Sehun နဲ့ Xiumin တို့အား EXO အဖွဲ့တစ်ဖွဲ့လုံးရဲ့ comeback ပြုလုပ်ရန် အစီအစဉ်ရှိမရှိကို မေးမြန်းခဲ့ပါတယ်။

တုံ့ပြန်တဲ့အနေနဲ့ Xiumin က EXO အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူ့ရဲ့ အနားယူချိန်က ကြာရှည်ခဲ့ပြီး EXO အဖွဲ့လိုက်အနေနဲ့ စင်ပေါ်တက်ပြီး ဂီတပြန်လုပ်လိုကြောင်း ဖော်ပြခဲ့ပါတယ်။

Sehun ကတော့ “ဒါက ကျွန်တော့်ရဲ့ထင်မြင်ချက်ပဲ၊ ဒါပေမယ့် (EXO ရဲ့ comeback) မကြာခင်ဖြစ်တော့မယ်လို့ ငါထင်တယ်” လို့ ပြောပြလာခဲ့ပြီး အထူးသဖြင့် Sehun က အာရုံစိုက်မှုအပြည့်နဲ့ ဒီမေးခွန်းကို ဖြေကြားသွားခဲ့တာပါ။

Sehun ရဲ့ မှတ်ချက်က EXO ရဲ့ comeback ကို မျှော်လင့်စောင့်စားနေသူတို့အတွက် အရင်ကထက် ပိုပြီး စိတ်လှုပ်ရှားစေခဲ့ပါတယ်။

EXO ရဲ့ နောက်ဆုံး comeback ဟာ mini-album “Don’t Fight The Feeling” ဖြင့် ဇွန်လ ၂၀၂၁ မှာ ထွက်ရှိခဲ့တာပါ။ သို့သော်လည်း album ဟာ promotion တစ်ခုမှ မပြုလုပ်ခဲ့ဘဲ ထွက်ရှိခဲ့တာပါ။

အဲဒီအချိန်မှစပြီး အဖွဲ့ဝင် Lay ကလည်း SM Entertainment ကနေ ထွက်ခွာလာခဲ့ပြီး Chanyeol နဲ့ Baekhyun တို့ကလည်း စစ်မှုထမ်းနေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x