စိတ်ကူးယဥ် အချစ်ဇာတ်လမ်းတွဲသစ်မှာ တွဲဖက်သွားကြတော့မယ့် Kim Jung Hyun နဲ့ Im Soo Hyang

စိတ်ကူးယဥ် အချစ်ဇာတ်လမ်းတွဲသစ်မှာ တွဲဖက်သွားကြတော့မယ့် Kim Jung Hyun နဲ့ Im Soo Hyang

Kim Jung Hyun နဲ့ Im Soo Hyang တို့ကတော့ MBC ရဲ့ သောကြာ-စနေ K-Drama အသစ်လေးမှာ တွဲဖက် သရုပ်ဆောင်ကြတော့မှာဖြစ်ပါတယ်။

MBC ရဲ့ Drama သစ် “Kkokdu’s Gye Jeol” (The Season of Kkokdu) ကတော့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းဖြစ်ပြီး ၉၉ နှစ်တိုင်း လူသားများကို အပြစ်ပေးရန်အတွက် ကမ္ဘာမြေသို့ ဆင်းလာသူ Kkokdu အမည်ရှိ သေမင်းတစ်ဦးရဲ့ ဇာတ်လမ်းကို ဖော်ကျူးထားတာပါ။

အဲဒီမှာ Kkokdu ဟာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်ရှိသူ ဆရာဝန် Han Gye Jeol နှင့် တွေ့ဆုံခဲ့ပြီး ဧည့်သည်ဆရာဝန်အဖြစ် စတင်လုပ်ကိုင်ခဲ့ပါတော့တယ်။

ဒီ Drama လေးဟာ စာရေးဆရာ Kang Yi Heon, Heo Jun Woo တို့နဲ့ ဒါရိုက်တာ Kim Ji Hoon တို့ရဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ထူးခြားတဲ့ အချစ်ဇာတ်လမ်းဖြစ်တာနဲ့အညီ ပရိသတ်တွေကလည်း မျှော်လင့်တကြီး စောင့်စားနေကြပြီဖြစ်ပါတယ်။

ဒါ့အပြင် Drama တစ်ခုစီတိုင်း စွဲမက်ဖွယ်ကောင်းတဲ့ သရုပ်ဆောင်မှု စွမ်းရည်တွေကို ပြသထားတဲ့ Kim Jung Hyun နဲ့ အမျိုးအစား မခွဲခြားဘဲ ဇာတ်ကောင်မျိုးစုံကို ရိုက်ကူးထားခဲ့တဲ့ Im Soo Hyang တို့ရဲ့ ပေါင်းစပ်မှုကိုလည်း စိတ်ဝင်တစား စောင့်ကြည့်သွားရပါမယ်။

Kim Jung Hyun ကတော့ မရဏကမ္ဘာရဲ့ ထူးခြား လမ်းညွှန်သူ Kkokdu အဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး Im Soo Hyang ကတော့ နိုင်ငံအတွင်း နောက်ဆုံးအဆင့်ရှိ ဆေးကျောင်းမှ ဘွဲ့ရဆရာဝန် Han Gye Jeol အဖြစ် မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။

ထုတ်လုပ်ရေးအဖွဲ့က “Kim Jung Hyun နဲ့ Im Soo Hyang တို့ရဲ့ စိတ်အားထက်သန်တဲ့ သရုပ်ဆောင်မှုတွေက ရိုက်ကူးရေးဆိုက်ကို ပိုအသက်ဝင်စေခဲ့ပါတယ်။ သရုပ်ဆောင်နှစ်ဦးအပါအဝင်၊ ရိုက်ကူးရေးမှာပါဝင်သူအားလုံးက ဒရာမာကောင်းတစ်ကားကို ဖန်တီးဖို့ ကြိုးစားနေကြတာမို့ ‘Kkokdu’s Gye Jeol’ ကို စိတ်ဝင်စားပြီး စောင့်မျှော်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပရိသတ်တွေကို အမှာစကား ပြောကြားထားခဲ့ပါတယ်။

“Kkokdu’s Gye Jeol” ကတော့ လတ်တလောမှာ ရိုက်ကူးရေး စတင်နေပြီဖြစ်ပါတယ်။ နောက်ထပ် update တွေအတွက်လည်း စောင့်မျှော်ပေးကြပါဦး ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *

x