Drama သစ်မှာ “သူငယ်ချင်းချစ်သူ” အဖြစ် မြင်တွေ့သွားရမယ့် Choi Siwon နဲ့ Lee Da Hee

Drama သစ်မှာ “သူငယ်ချင်းချစ်သူ” အဖြစ် မြင်တွေ့သွားရမယ့် Choi Siwon နဲ့ Lee Da Hee

“Extraordinary Attorney Woo” နဲ့အတူ နာမည်ကျော်ကြားလာတဲ့ ENA ရဲ့ Drama သစ်လေး “Love is for Suckers” ကတော့ ဇာတ်ကောင် ပိုစတာအသစ်တွေ ထွက်ရှိလို့လာပါပြီ။

“Love is for Suckers” ဟာ အနှစ် ၂၀ လောက် သိကျွမ်းခဲ့သည့် အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Lee Da Hee နဲ့ Super Junior ‘s Choi Siwon တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ အချစ်ဟာသဇာတ်လမ်း ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစုံလေးကတော့ ထုတ်လုပ်ရေးဒါရိုက်တာ (PD) နဲ့ reality dating show ရဲ့ သရုပ်ဆောင်တစ်ဦးတို့ တွေ့ဆုံကြတဲ့အခါ မထင်မှတ်ပဲ တစ်ယောက်ကိုတစ်ယောက် အချစ်ရေးခံစားချက်များ စတင်ဖြစ်ပေါ်လာကြပုံလေးပါ။

Lee Da Hee ကတော့ သူမရဲ့ အသက်မွေးဝမ်းကြောင်း ၁၀ နှစ်မြောက် လုပ်ကိုင်နေခဲ့တဲ့ variety show ရဲ့ PD ဖြစ်သူ Goo Yeo Reum အဖြစ် သရုပ်ဆောင်သွားမှာပါ။

Choi Siwon ကတော့ လစာ ပုံမှန်မရရှိတာကြောင့် အလုပ်လက်မဲ့လို့ သတ်မှတ်ခံထားရတဲ့ ပလပ်စတစ် ခွဲစိတ်ဆရာဝန် Park Jae Hoon အဖြစ် သရုပ်ဖော်သွားရမှာပါ။

ထုတ်လုပ်ရေးအဖွဲ့က “အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Lee Da Hee နဲ့ Choi Siwon တို့က လွဲလို့ တခြားသူတွေ သရုပ်ဆောင်ဖို့ ခက်ခဲတဲ့ Goo Yeo Reum နဲ့ Park Jae Hoon တို့ကို စိတ်ကူးရခက်တဲ့ အတိုင်းအတာအထိ သရုပ်ဆောင်ထားကြပြီး ဒရာမာအရည်အသွေးကို မြှင့်တင်ပေးနေပါတယ်။

‘Love is for Suckers’ အတွက် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ မျှော်လင့်ချက်တွေကို ကျွန်တောိတို့ တောင်းဆိုပါတယ်။ အဲဒီထဲမှာ သရုပ်ဆောင်နှစ်ယောက်က သူတို့တစ်ခါမှမပြဖူးတဲ့ ဆွဲဆောင်မှုအသစ်တွေကို ထုတ်ဖော်ပြသမှာပါ” လို့ အရိပ်အမြွက်ပြုသွားခဲ့ပါတယ်။

“Love is for Suckers” Drama သစ်လေးကိုတော့ အောက်တိုဘာလ ၅ ရက်နေ့ကစပြီး အပတ်စဥ် ဗုဒ္ဓဟူး-ကြာသပတေးနေ့တိုင်းမှာ ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x