“Bad Prosecutor” မှာလည်း ချစ်စရာ Bromance ကို ထပ်မံပြသထားကြတဲ့ D.O. နဲ့ Yeon Jun Seok
“Bad Prosecutor” မှာလည်း ချစ်စရာ Bromance ကို ထပ်မံပြသထားကြတဲ့ D.O. နဲ့ Yeon Jun Seok
EXO အဖွဲ့ဝင် D.O. နဲ့ Yeon Jun Seok တို့ဟာ KBS 2TV ရဲ့ နောက်ထွက်မယ့် Drama “Bad Prosecutor” အတွက် ပြန်လည်ဆုံတွေ့ခဲ့ကြပြန်ပါပြီ။
“Bad Prosecutor” ဟာ အကျင့်ပျက် ညံ့ဖျင်းတဲ့ အစိုးရရှေ့နေတစ်ဦးအကြောင်း ဖော်ပြထားတဲ့ ဇာတ်လမ်းတွဲသစ်ပါ။ EXO အဖွဲ့ဝင် D.O. ကတော့ စည်းစိမ်ဥစ္စာနဲ့ အာဏာတို့ကို အသုံးချပြီး တရားဥပဒေအထက်တွင် နေထိုင်သူများကို ဖြုတ်ချရန် ဆုံးဖြတ်ထားတဲ့ ကျော်ကြားသော “တရားလိုဆိုး” Jin Jung အဖြစ် သရုပ်ဆောင်ထားပါတယ်။
Yeon Jun Seok ကတော့ တရားစွဲခံရမှုတွေအတွက် စုံစမ်းစစ်ဆေးသူ Lee Chul Gi အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ D.O. နဲ့ Yeon Jun Seok တို့ဟာ လွန်ခဲ့တဲ့ ၆ နှစ်ကလည်း “Pure Love” ဇာတ်ကားမှာ အတူတွဲ သရုပ်ဆောင်ခဲ့ဖူးတာပါပဲ။
“Bad Prosecutor” မှ အသစ်ထွက်ရှိထားသော ရုပ်ပုံများမှာ Jin Jung (D.O.) နဲ့ Lee Chul Gi (Yeon Jun Seok) တို့ဟာ ကိစ္စတိုင်းအတွက် အတူတကွ နီးနီးကပ်ကပ် ရှိနေကြတာကြောင့် အကောင်းဆုံး အတွဲအဖက်အဖြစ် ပုံဖော်နိုင်ခဲ့ကြပါတယ်။
ဒါကြောင့် Do Kyung Soo နဲ့ Yeon Jun Seok တို့ရဲ့ အမိုက်စား ‘bromance chemistry’ ဟာလည်း “Bad Prosecutor” မှာ ဖျော်ဖြေရေးအလွှာတစ်ခုကို ဖြည့်စွက်ပေးဘာမှာဖြစ်ပြီး ဒီ Drama ကို မဖြစ်မနေ စောင့်ကြည့်သွားရမယ့် နောက်ထပ်သော့ချက်တစ်ခု ဖြစ်လာမှာပါ။
“Bad Prosecutor” ကိုတော့ အောက်တိုဘာလ ၅ ရက်နေ့မှာ စတင် ပြသသွားတော့မှာ ဖြစ်ပါတယ်။