ကိုရီးယားကိုရောက်ရှိလာပြီးနောက် သူမထံ ကိုယ်တိုင်ကိုယ်ကျဆက်သွယ်လာတဲ့ Nayeon ရဲ့Stalker အကြောင်းကိုပြောပြခဲ့တဲ့ Jeongyeon

အခုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတုန်းက TWICE ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Jeongyeon ဟာဆိုရင် Nayeon ကို နောက်ယောင်ခံလိုက်နေတဲ့ Stalker တွေထဲကတစ်ယောက်ဖြစ်သူအကြောင်းနဲ့ပတ်သတ်ပြီး Bubble ကနေတစ်ဆင့် ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟအသိပေး ပြောပြသွားခဲ့ပါတယ်။

Jeongyeon ရဲ့အသိပေးဖွင့်ဟမှုအရကတော့ Nayeon ကို နောက်ယောင်ခံလိုက်နေတဲ့ အဆိုပါ Stalker ဖြစ်သူဟာ တောင်ကိုရီးယားနိုင်ငံထဲကို ရောက်ရှိလာပြီးနောက်မှာ သူမထံ ကိုယ်တိုင်အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်ကို အဲဒီလူက ဘယ်လိုပုံစံမျိုးနဲ့ရရှိခဲ့တယ်ဆိုတာမသိပေမယ့် သူမအနေနဲ့ကတော့ မှတ်သားလောက်အောင် ဆူပူပြောဆိုလိုက်တယ်လို့လည်း Jeongyeon က ပြောပြသွားခဲ့တာတွေ့ရပါတယ်။

Jeongyeon ဆီကို အခုလိုမျိုးဆက်သွယ်လာတဲ့ နောက်ယောင်ခံလိုက်သူဟာဆိုရင် Nayeon ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေ၊ အချိန်တွေကို ကြိမ်ဖန်များစွာချိုးဖောက်သူအဖြစ် နာမည်ကြီးသူဖြစ်ပြီး သူကတော့ သူဟာ Nayeon နဲ့ TWICE အဖွဲ့ရဲ့သစ္စာအရှိဆုံးပရိသတ်တစ်ယောက် ဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်တွေက အဆိုပါလူအနေနဲ့ Jeongyeon ဆီကို အဆက်အသွယ်ပြုလုပ်တာနဲ့ပတ်သတ်ပြီး စိုးရိမ်စိတ်ပူနေကြပြီး JYP ဘက်မှ ဒီကိစ္စကို အမြန်ဆုံးနဲ့ အကောင်းဆုံးဖြေရှင်းပေးဖို့အတွက် ဆက်သွယ်ပြောထားကြပါတယ်။ လက်ရှိအချိန်မှာတော့ JYP က ဒီပြဿနာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရှေ့နေအဖွဲ့နဲ့ ဆွေးနွေးနေလျက်ရှိနေတယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x