အီတလီမြေမှာ Nine ရဲ့မိသားစုနဲ့ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့တဲ့ Baifern

အီတလီမြေမှာ Nine ရဲ့မိသားစုနဲ့ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့တဲ့ Baifern

မင်းသားချော Baifern Pimchanok နဲ့ မင်းသားချော Nine Naphat တို့ဟာ သူ့တို့ရဲ့ ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးနဲ့အတူ လိုက်ဖက်ပြီး ချစ်စရာကောင်းနေတဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေကို သံသယဖြစ်စေခဲ့ပါတယ်။

နှစ်ယောက်သားရဲ့ လိုက်ဖက်လွန်းတဲ့ chemistry ကြောင့်လည်း ပရိသတ်တွေက သူတို့နှစ်ယောက်ကို တွဲစေချင်ကြောင်း ဆန္ဒရှိနေကြသလို လတ်တလောမှာလည်း Nine Naphat နဲ့ သူ့ရဲ့ မိခင်ရယ်နဲ့အတူ Baifern ဟာ အီတလီကို ပျော်ရွှင်စွာ ခရီးထွက်လာကြတာကို တွေ့ခဲ့ရတာပါ။

ဒါကြောင့်လည်း အရင်ကထက်တောင် ပရိသတ်တွေက ပိုပိုပြီး Nine နဲ့ Baifern တို့ရဲ့ ဆက်ဆံရေးကို သံသယတွေဝင်လာခဲ့ကြပါတယ်။ အထူးသဖြင့် Baifern နဲ့ Nine တို့ရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေဟာ ခင်မင်ရင်းနှီးပြီး ချစ်စရာကောင်းလွန်းနေခဲ့တာကြောင့် ပရိသတ်တွေကို အာရုံဖမ်းစားထားခဲ့ပါတယ်။

မင်းသမီးချောလေး Baifern နဲ့တွေ့ပြီးနောက်ပိုင်း ပရိသတ်တွေကို ပိုလို့တောင် ပြုံးပြုံးရွှင်ရွှင်ဖြစ်စေခဲ့တဲ့ Nine ရဲ့ မိခင်နဲ့ Baifern တို့ရဲ့ ဆက်ဆံရေးဟာလည်း ချစ်စရာကောင်းလွန်းနေလို့ ပရိသတ်တွေကတော့ မင်းသားရဲ့ မိခင်ကို Baifern ရဲ့ ယောက္ခမကြီးလို့တောင် နာမည်ပြောင်ပေးထားခဲ့ကြပါပြီ။

ချစ်စရာကောင်းတဲ့ ဓါတ်ပုံတွေမှာတော့ သူတို့နှစ်ယောက်က သူငယ်ချင်းထက် ပိုလွန်နေတဲ့ အသွင်အပြင်တို့ကြောင့် လူအများကလည်း သံသယဝင်လာတော့ Nine ရဲ့အမေက “သူတို့က သူငယ်ချင်းတွေပါလို့ ပြောထားပေမဲ့ ကျွန်မကတော့ မယုံပါဘူး” လို့ ပရိသတ်တွေနဲ့ ထပ်တူကျတဲ့ ဆန္ဒတွေကို ဖော်ထုတ်သွားခဲ့ပါတယ်။

တကယ်တော့ Nine ရဲ့ မိခင်ကလည်း သူ့သားကို Baifern လေးနဲ့ သဘောတူနေသူဖြစ်သလို Baifern ကိုလည်း သမီးလေးတစ်ယောက်လို ချစ်ခင် ဂရုစိုက်ပေးနေတာကြောင့် ပရိသတ်တွေရဲ့ သဘောထားနဲ့ ထပ်တူကျနေပြီးသားဖြစ်လို့ ကာယကံရှင်နှစ်ယောက်ရဲ့ သဘောထားပဲ လိုပါတော့တယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

x