“The King’s Affection” က မင်းသားချောလေး Rowoon ရဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို့

“The King’s Affection” က မင်းသားချောလေး Rowoon ရဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို့

ကိုရီးယား ဇာတ်လမ်းတွဲ ” The King’s Affection ” ဟာဆိုရင်ဖြင့် ပရိသတ်များကြားမှာ အလွန်ရေပန်းစားခဲ့ပြီး ပရိသတ်အားပေးမှု အမြင့်မားဆုံး ရရှိထားခဲ့တဲ့ K-Drama လည်း ဖြစ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းဟာ အဓိက ဇာတ်ဆောင်နေရာကို သရုပ်ဆောင်ထားခဲ့တဲ့ Rowoon ကိုလည်း နိုင်ငံတကာ ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ဒီလူချောလေးဟာ သရုပ်ဆောင်ရုံပိုင်းအပြင် SF9 ရဲ့ အဖွဲ့ဝင်လည်း ဖြစ်နေခဲ့တာကြောင့် Idol-Actor တစ်ယောက်ဖြစ်ကြောင်း နိုင်ငံတကာက သတိထားမိလာခဲ့ကြပါတယ်။

ဒါကြောင့် Rowoon ချစ်သူတွေအတွက် လူသိနည်းတဲ့ သူ့ရဲ့အကြောင်းအရာတချို့ကို ဖော်ပြပေးသွားချင်ပါတယ်။

၁။ Rowon ဟာ တောင့်တောင့်တင်းတင်းနဲ့ အရပ် 192 စင်တီမီတာ (၆ ပေ ၃ လက်မခွဲ) ရှိပြီး ချောမောခန့်ညားတဲ့ visual အပြင် ပညာရေးမှာလည်း အမှတ်မြင့်မားတဲ့ ထူးချွန်ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။

၂။ Rowoon ဟာ SF9 အဖွဲ့ဝင် ဖြစ်လာဖို့အတွက် ၆ နှစ်ကျော် အကြာ လေ့ကျင့်မှုပြုလုပ်ခဲ့ရသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ပို့ကဏ္ဍများစွာမှာ ပါဝင်ခဲ့ရပြီး Rowoon ရဲ့ အနုပညာလမ်းကြောင်းဟာ ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး။

၃။ Rowoon ဟာ ယဉ်ကျေးသိမ်မွေ့သော အသွင်အပြင်နဲ့ အမူအရာတို့ကြောင့် စကားပြောကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်လို့ ပရိသတ်အများစုက ထင်မြင်ကြပေမဲ့ တကယ်တမ်းမှာတော့ Rowoon ဟာ နောင်ပြောင်လွန်းသူဖြစ်ပြီး ဟာသများကို အလွန်နှစ်သက်သူတစ်ဦးပါ။

၄။ သူ့အရပ်အမောင်းကြောင့် ရုပ်ရှင်ရိုက်တဲ့အခါ မကြုံသင့်တဲ့ အတားအဆီးများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး ကင်မရာက သူ့ကို ဖမ်းရခက်သလို တခါတရံ ကင်မရာထက် အရပ်မြင့်နေတာကြောင့် ဖိနပ်မပါဘဲ ရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေ ရှိခဲ့ဖူးပါတယ်။

၅။ Rowoon ဟာ အလွန်ကြောက်တတ်သူဖြစ်ပြီး ကြောက်မက်ဖွယ်သရဲတစ္ဆေ ရုပ်ရှင်များကို မကြည့်နိုင်ဘဲ အင်းဆက်များကိုလည်း မုန်းတီးသူ ဖြစ်ပါတယ်။

၆။ Rowoon ဟာ အားလပ်ချိန်တွေမှာ သူ့ရဲ့ မျက်ခုံးမွှေးတွေကို ပွတ်ခြင်း၊ သူ့ရဲ့ သွေးပြန်ကြောများကို ဆွဲဆိတ်ခြင်းတို့ ပြုလုပ်တတ်တဲ့ အကျင့်ဆိုးတစ်ခု ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x