အချိန်အကြာကြီးနေမှ BLINK တို့နဲ့ တွေ့ဆုံခဲ့ရတာကြောင့် ငိုကြွေးခဲ့တဲ့ Jennie

အချိန်အကြာကြီးနေမှ BLINK တို့နဲ့ တွေ့ဆုံခဲ့ရတာကြောင့် ငိုကြွေးခဲ့တဲ့ Jennie

အနုပညာ စွမ်းရည်အပြည့်ရှိတဲ့ BLACKPINK အဖွဲ့ဝင် Jennie ဟာ သီချင်းဆို၊ rap နဲ့ သရုပ်ဆောင်မှုတွေနဲ့ အလှတရားတွေ၊ ဖက်ရှင်ကျမှုတို့ကြောင့် ပရိသတ်တွေက သူမကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခင်အားပေးခဲ့ကြပါတယ်။

BLACKPINK ဟာ အဖွဲ့လိုက်အနေနဲ့ ဂီတလှုပ်ရှားမှုတွေ မရှိခဲ့တာကြောင့် အချိန်အတော်ကြာ အဖွဲ့ဝင်လေးဦးဟာ ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ရပါတယ်။

ဒါကြောင့် သူတို့ရဲ့ album အသစ် BORN PINK ထွက်ရှိပြီးနောက်မှာမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ပရိသတ် တွေ့ဆုံပွဲနဲ့ လက်မှတ်ထိုးပွဲမှာမှ ပရိသတ်တွေနဲ့ ထပ်မံတွေ့ဆုံခွင့်ရခဲ့ကြတာပါ။

ဒီပွဲထဲမှာ ရှိနေခဲ့ကြတဲ့ BLINK တော်တော်များများကလည်း သူတို့ရဲ့ အချစ်ရဆုံး ကောင်မလေးကို တွေ့ဆုံနှုတ်ခွင့်ရဖို့နဲ့ လက်မှတ်တောင်းခံဖို့အတွက် တန်းစီ စောင့်ဆိုင်းခဲ့ကြရင်း BLINK နဲ့ BLACKPINK အဖွဲ့ဝင်တို့ရဲ့ ဝေးကွာနေခဲ့တဲ့ အကြင်နာမေတ္တာတွေကို ဖော်ဆောင်ခဲ့ကြပါတော့တယ်။

အစပိုင်းမှာတော့ ဒီပရိသတ်နဲ့ ဒီ Idol တွေက အပြုံးပန်းတွေ ဝေဆာနေခဲ့ကြပေမဲ့ Jennie ကတော့ ရုတ်တရက် မျက်ရည်တွေ ဝဲလာခဲ့ပါတော့တယ်။ အကြောင်းရင်းကတော့ ချေပုလေး ဘာပဲလုပ်လုပ် အနားမှာ အမြဲရှိနေပေးမယ်လို့ ပရိသတ်တစ်ယောက်က ပြောလာခဲ့လို့ပါပဲ။

အဆိုပါ ပရိသတ်ကလည်း Jennie လေးကို ကိုယ်နှစ်သက်တဲ့အရာကို ဆက်ပြီးလုပ်ပါလို့ အားပေးစကားတွေ ပြောကြားခဲ့ပြီး Jennie ကလည်း BLINK အပေါင်းကို မျက်ရည်တွေနဲ့ အပြုံးတွေ ရောထွေးလျက် ကျေးဇူးတင်စကားဆိုခဲ့ပြီး ဒီလုပ်ရပ်က အရမ်းကို ကြည်နူးစရာကောင်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x