လိင်ကိစ္စ အရှုပ်တော်ပုံတွေကြောင့် ပရိသတ်တွေရှေ့က ကွယ်ပျောက်ခဲ့ကြရတဲ့ နာမည်ကျော်ကြယ်ပွင့်မျာ

လိင်ကိစ္စ အရှုပ်တော်ပုံတွေကြောင့် ပရိသတ်တွေရှေ့က ကွယ်ပျောက်ခဲ့ကြရတဲ့ နာမည်ကျော်ကြယ်ပွင့်များ

တရုတ်နဲ့ ကိုရီးယားမှာတော့ နာမည်ကျော် အမျိုးသား အနုပညာရှင်တွေဟာ သူတို့ရဲ့ လိင်ကိစ္စ အရှုပ်တော်ပုံတွေ ပေါ်ပေါက်လာခဲ့တာကြောင့် ပရိသတ်တွေရဲ့ မြင်ကွင်းရှေ့ကနေ ကွယ်ပျောက်ခဲ့ကြရပါတယ်။ အဆိုပါ ကြယ်ပွင့်တွေထဲမှာတော့ –

Li Yifeng

မကြာသေးမီက တရားမဝင် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများမှာ အကြိမ်များစွာ ပါဝင်ပတ်သက်ခဲ့တဲ့ တရုတ်မင်းသား Li Yifeng ရဲ့ အရှုပ်တော်ပုံ ပေါ်ပေါက်လာခဲ့ပြီး ပရိသတ်တွေကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။

ဘေဂျင်း ရဲတပ်ဖွဲ့က မင်းသားကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားခွင်ကို စောင့်ဆိုင်းနေရပြီ ဖြစ်သလို ဒီအရှုပ်တော်ပုံဟာ ပြည်တွင်းရော ပြည်ပက ပရိသတ်တွေပါ တကယ်ကို ထိတ်လန့်စေခဲ့တာပါ။

တစ်ဖက်မှာလည်း ပိုတုန်လှုပ်စရာကောင်းတာက မင်းသားရဲ့ ကြယ်ပွင့် သူငယ်ချင်း Kris Wu ရဲ့ ဟာလည်း လိင်အရှုပ်တော်ပုံထဲမှာ ပါဝင်ပတ်သက်နေခဲ့တာပါ။

Kris Wu ဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ အရွယ်မရောက်သေးသူများ ပါဝင်နေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အရှုပ်တော်ပုံမှာ ပါဝင်ခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရပြီး ရပ်တပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရကာ တရားခွင် တက်ရောက်နေခဲ့ပြီလည်း ဖြစ်ပါတယ်။

BIGBANG အဖွဲ့ဝင် Seungri ဟာလည်း ၂၀၁၉ ခုနှစ်မှာ လိင်ပိုင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများမှာ ပါဝင်ပတ်သက်ခဲ့ပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာပဲ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသလို ဒဏ်ငွေအားဖြင့်လည်း ဒေါ်လာ ထောင်ပေါင်းများစွာ ချမှတ်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x