စောင့်ကြည့်သွားရမယ့် Song Joong Ki ရဲ့ “Reborn Rich” Drama သစ်

စောင့်ကြည့်သွားရမယ့် Song Joong Ki ရဲ့ “Reborn Rich” Drama သစ်

Song Joong Ki, Shin Hyun Been နဲ့ Lee Sung Min တို့ရဲ့ “Reborn Rich” ကတော့ ပါဝင်သရုပ်ဆောင်သွားမယ့် သရုပ်ဆောင်တွေစာရင်းနဲ့ ထုတ်လွှင့်မယ့် အစီအစဉ်အသေးစိတ်ကို အတည်ပြုသွားခဲ့ပါပြီ။

နာမည်ကျော် web ဝတ္ထုကို အခြေခံထားတဲ့ “Reborn Rich” ဟာ 80s ခုနှစ်များအတွင်း ရှုပ်ထွေးပွေလီတဲ့ စိတ်ကူးယဉ် ဒရာမာတစ်ကားဖြစ်ပြီး မိသားစုရဲ့ အငယ်ဆုံးသား Jin Do Joon အဖြစ် ပြန်လည်မွေးဖွားလာသော chaebol မိသားစု အတွင်းရေးမှူး Yoon Hyun Woo (Song Joong Ki) အကြောင်း စိတ်ကူးယဉ် ဒရာမာတစ်ခုဖြစ်ပါတယ်။

Song Joong Ki ဟာ သူသစ္စာခံခဲ့သော Sunyang Group မိသားစုမှ အလွဲသုံးစားလုပ်မှုဖြင့် ကွယ်လွန်သွားသော Yoon Hyun Woo အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူဟာ မိသားစုရဲ့ အငယ်ဆုံးသား Jin Do Joon အဖြစ်လည်း ပြန်လည်မွေးဖွားလာပြီး လက်စားချေတဲ့အနေဖြင့် ကုမ္ပဏီကို လွှဲပြောင်းရယူရန် ကြိုးပမ်းသွားမှာပါ။

Lee Sung Min ကတော့ Sunyang Group ရဲ့ အကြီးအကဲ Jin Yang Chul အဖြစ် သရုပ်ဆောင်သွားမှာပါ။ ဆင်းရဲမွဲတေမှုဖြင့် ကြီးပြင်းလာပြီးနောက် ငွေရေးကြေးရေးလောကရဲ့ ထိပ်ပိုင်းသို့ တက်လှမ်းကာ ငွေကြေးအတွက် အဆုံးမရှိသော လောဘဇောဖြင့် မဆုတ်မနစ် အပြိုင်အဆိုင် ကြမ်းတမ်းခက်ထန်တဲ့ ဇာတ်ကောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

Shin Hyun Been ကိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေး ရှေ့နေ Seo Min Young အဖြစ် မြင်တွေ့သွားရမှာပါ။ “Sunyang Group ရဲ့ သေမင်း” ဟူသော အမည်ပြောင်ဖြင့် Seo Min Young ဟာ ကြမ်းတမ်းတဲ့ ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇာတ်ပို့တွေကို ကြည့်မယ်ဆိုရင်လည်း Yoon Je Moon, Kim Jung Nan, Jo Han Chul, Kim Young Jae, Jung Hye Young, Kim Do Hyun, Park Hyuk Kwon, Kim Nam Hee, Park Ji Hyun, Girls’ Generation အဖွဲ့ဝင် Tiffany တို့ ပါဝင်လာခဲ့တာကို တွေ့ရမှာပါ။

“Reborn Rich” ကိုတော့ ၂၀၂၂ ခုနှစ်၊ ဒုတိယနှစ်ဝက်မှာ JTBC မှ ထုတ်လွှင့်သွားမှာဖြစ်ပြီး ပရိသတ်အချစ်တော် Song Joong Ki ရဲ့ နောက်ထွက်လာမယ့် စိတ်ဝင်စားဖို့အကောင်းဆုံးသော K-Drama တွေထဲက တစ်ခုလည်းဖြစ်တာမလို့ စောင့်မျှော်သွားရပါဦးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x