Instagram ပို့စ်တစ်ခုကို တန်ဖိုး ဝမ် ၄ ဘီလီယံကျော်ရှိနေတဲ့ Jennie

Instagram ပို့စ်တစ်ခုကို တန်ဖိုး ဝမ် ၄ ဘီလီယံကျော်ရှိနေတဲ့ Jennie

BLACKPINK အဖွဲ့ဝင် Jennie ရဲ့ Instagram မှာ တင်ထားတဲ့ ဓာတ်ပုံတွေဟာ ဝမ် ၄ ဘီလီယံကျော် ရှိတယ်လို့ သုံးသပ်ခံထားရပါတယ်။

ဒေတာကုမ္ပဏီ Launch Metrics မှ စက်တင်ဘာ ၂၈ ရက်နေ့မှာ ဖော်ပြထားတဲ့ စစ်တမ်းတစ်ခုအရ ယခုနှစ်မတ်လမှာ Channel Show ကိုတက်ရောက်ပြီးနောက် Jennie ရဲ့ မီဒီယာအကျိုးသက်ရောက်မှုဟာ ဒေါ်လာ ၃.၆ သန်းဖြစ်ပြီး ဝမ် ၄.၃ ဘီလီယံခန့် တန်ကြေးရှိနေတယ်လို့ သိရပါတယ်။

ထိုလမှာ Jisoo တက်ရောက်ခဲ့သည့် Dior Paris Collection ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဟာ ကြည့်ရှုသူ သန်း ၁၄၀ ရှိခဲ့ပြီး ထိုအချိန်က Jisoo Instagram မှာ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံရဲ့ မီဒီယာအကျိုးသက်ရောက်မှု တန်ဖိုးမှာ ဒေါ်လာ ၁.၇၄ သန်း (ဝမ် ၂ ဘီလီယံခန့်) ဖြစ်ပါတယ်။

BLACKPINK ရဲ့ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုကိုလည်း သူတို့ရဲ့ Youtube subscribers အရေအတွက်နဲ့ ဖော်ပြခဲ့ပြီး Youtube ရဲ့ subscribers အရေအတွက် ၈၁.၈ သန်းတဲ့ BLACKPINK ဟာ ကမ္ဘာတစ်ဝှမ်းရှိ အနုပညာရှင်များရဲ့ channel တွေထဲမှာ အဆင့် ၁ နဲ့ Youtube channel အားလုံးမှာ အဆင့် ၁၁ ရှိနေပါတယ်။

ဒါကြောင့် BLACKPINK ရဲ့ YouTube channel တန်ဖိုးဟာ အကြမ်းအားဖြင့် ဝမ် ၉၀ ဘီလီယံခန့် တန်ကြေးရှိနေပြီး influencer data analysis site Nox Influencer ရဲ့ အဆိုအရ BLACKPINK ရဲ့ Youtube channel က video တစ်ခုစီဟာ ကြော်ငြာဝင်ငွေ ဝမ် ၂ ဘီလီယံကျော် ရရှိနေတယ်လို့ သိရပါတယ်။

“Pink Venom” ဖြင့် BLACKPINK ရဲ့ comeback ကို ကြေငြာခဲ့ပြီး BLACKPINK ဟာ ပြီးခဲ့တဲ့ လအတွင်း သူတို့ရဲ့ Youtube channel အတွက် subscriber ၂.၄ သန်းကျော်ကို ဆွဲဆောင်ခဲ့ပါတယ်။

မိန်းကလေးအဖွဲ့ဟာ ထိုကာလအတွင်း upload လုပ်ထားခဲ့တဲ့ video များမှ အမြတ်ငွေ အနည်းဆုံး ဝမ် ၂.၄ ဘီလီယံ ရရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x