ပိတ်ပင်ခံထားရပေမဲ့ ပြည်တွင်း ပရိသတ်တွေမြင်ကွင်းရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ Fan Bingbing

ပိတ်ပင်ခံထားရပေမဲ့ ပြည်တွင်း ပရိသတ်တွေမြင်ကွင်းရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ Fan Bingbing

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ မင်းသမီး Fan Bingbing ဟာ Shanghai Fashion Week 2022 ပွဲရဲ့ ရှေ့ဆုံးမှ ရောက်ရှိလာခဲ့ပါတယ်။

ဒီပွဲလေးမှာ ပါဝင်ဆင်ခဲ့တဲ့ မင်းသမီးချောကတော့ မီဒီယာတွေရော ပရိသတ်တွေရဲ့ပါ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

သတင်းတွေအရတော့ မင်းသမီးကို ပွဲစီစဉ်သူတွေနဲ့ လုံခြုံရေးအစောင့်တွေက အကာအကွယ်ပေးဖို့ အပြင်မထွက်မချင်း သူမနဲ့ ဓာတ်ပုံရိုက်ဖို့ ပရိသတ်တော်တော်များများက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Fan Bingbing ကို Shanghai Fashion Week သို့ ဖိတ်ကြားခြင်းခံရတဲ့ နှစ်ညတာအတွက် သူမဟာလည်း ဖက်ရှင်ကျကျနဲ့ အမိုက်စား ဇိမ်ခံ အဝတ်အစားများကို ၀တ်ဆင်ထားခဲ့ပါတယ်။

ပရိသတ်တွေ သိထားကြတဲ့အတိုင်း Fan Bingbing ဟာ တရုတ်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ မင်းသမီးဖြစ်ပေမဲ့ ထိပ်တန်း အနုပညာရှင်အဖြစ် အသိအမှတ်ပြုထားကြဆဲပါ။

လက်ရှိမှာတော့ သူမဟာ အနုပညာလောကထဲက အနားယူထားပေမယ့် ဖက်ရှင်နယ်ပယ်မှာ ဆွဲဆောင်မှုရှိတဲ့ ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေဆဲပါ။

အခွန်ရှောင်မှု အရှုပ်တော်ပုံအပြီးမှာ Fan Bingbing ဟာ တရုတ်နိုင်ငံရဲ့ အနုပညာလောကထဲကို ပြန်မလာနိုင်တော့ပါဘူး။ ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ်အစောပိုင်းမှာတော့ မင်းသမီးဟာ တောင်ကိုရီးယားသို့ ရုပ်ရှင်ရိုက်ရန် သွားရောက်ခဲ့ပြီး ကိုရီးယားဟာ သူမရဲ့ အနုပညာလမ်းကြောင်းအတွက် အခွင့်အလမ်းလည်း ဖြစ်နေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x