Song Joong Ki, Lee Jong Suk တို့ရဲ့အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ Kim Ji Won

Song Joong Ki, Lee Jong Suk တို့ရဲ့အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ Kim Ji Won

မင်းသမီး Kim Ji Won ကတော့ နာမည်ကျော် မင်းသားတွေဖြစ်ကြတဲ့ Song Joong Ki နဲ့ Lee Jong Suk တို့ရဲ့ High Zium Studio နဲ့ သီးသန့် စီမံခန့်ခွဲမှု စာချုပ်သစ်ကို ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့မှာ High Zium Studio ရဲ့ ကိုယ်စားလှယ်တစ်ဦးက “အများပြည်သူတွေဆီက အချစ်နဲ့ ယုံကြည်မှုတွေကို ရရှိနေတဲ့ မင်းသမီး Kim Ji Won နဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။”

“အမျိုးမျိုးသော ပရောဂျက်တွေကနေတဆင့် ဆွဲဆောင်မှုအပြည့်နဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပြသထားတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာနဲ့ ရှေ့ဆက်သွားနိုင်အောင် သူမအနားမှာ ရှိနေမှာပါ” လို့ ဆိုသွားခဲ့ပါတယ်။

လက်ရှိ High Zium Studio မှာတော့ Song Joong Ki, Lee Jong Suk, Go Bo Gyeol, Geum Sae Rok, Ryu Hae Joon, Seo Eun Soo, Yang Kyung Won, Oh Eui Sik, Im Chul Soo, Jung Jae Kwang တို့က ပူးပေါင်းထားပါတယ်။

Kim Ji Won ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီက “It’s Beautiful Now”, “Money Heist: Korea–Joint Economic Area”, “Arificial City”, “Start-Up” နဲ့ အခြားဒရာမာများကို ထုတ်လုပ်ခဲ့ပါတယ်။

Kim Ji Won ကိုလည်း အေဂျင်စီအသစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x