ဖိလစ်ပိုင်မှာ မင်းသမီး၊ ကိုရီးယားမှာ Idol ဖြစ်နေတဲ့ အာဂျင်တိုင်းသူလေး Chanty

ဖိလစ်ပိုင်မှာ မင်းသမီး၊ ကိုရီးယားမှာ Idol ဖြစ်နေတဲ့ အာဂျင်တိုင်းသူလေး Chanty

ဒီ Idol လေးကတော့ လှပသလို အရည်အချင်းရှိပြီး နယ်ပယ်များစွာမှာ အတွေ့အကြုံရှိသူဖြစ်နေပေမဲ့ သူမရဲ့ အသက်ဟာ ၂၀ ကျော်သာ ရှိပါသေးတယ်။

သူမရဲ့နာမည်ကတော့ Chanty ဖြစ်ပြီး လှပသော visual နဲ့ အတွေ့အကြုံ အမျိုးမျိုးရှိသူပါ။ ၂၀၀၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူမဟာ K-Pop မိန်းကလေးအဖွဲ့ LAPILUS ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

အာဂျင်တီးနား ဖခင်နဲ့ ဖိလစ်ပိုင် မိခင်တို့မှ မွေးဖွားခဲ့ပြီး သူမဟာ နိုင်ငံသားနှစ်မျိုး ခံယူထားသူပါ။ Chanty ဟာ စပိန်၊ တဂါလော့၊ အင်္ဂလိပ်နဲ့ ကိုရီးယားဘာသာစကား လေးမျိုးကို ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။

သူမဟာ ၂၀၁၈ ခုနှစ်က ဖိလစ်ပိုင်ဒရာမာ “Spirits: Reawaken” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှာ မင်းသမီးအဖြစ် လုပ်ကိုင်ခဲ့သလို “Dear You”, “First” နဲ့ “Every Moment” တို့လို MV တွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

ဖိလစ်ပိုင်မှာ K ယဉ်ကျေးမှုက အထူးကျော်ကြားတာကြောင့် ကိုရီးယားအကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုရန် အခွင့်အလမ်းများစွာ ရှိခဲ့တာကြောင့် Chanty ဟာ K-Pop Idol တစ်ဦးဖြစ်လာခဲ့ပါတယ်။

ဖန်သားပြင်ပေါ်ရှိ သူမအနှစ်သက်ဆုံး သရုပ်ဆောင်များအတွက် Gong Yoo ကို သူမ အကြိုက်ဆုံးအဖြစ် ရွေးချယ်ခဲ့ပြီး တစ်နေ့မှာတော့ သူနဲ့ တွဲဖက်သရုပ်ဆောင်ရဖို့ ဆန္ဒရှိနေသူလေးလည်းဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ TC Candler မှ ရွေးချယ်ထားသော ၂၀၂၂ အတွက် “အလှဆုံး မျက်နှာများ” မှာလည်း LAPILLUS အဖွဲ့ဝင် Chanty ကို ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရတာပါပဲ။

Chanty ဟာ လှပပြီး ချစ်စဖွယ် မျက်နှာလေးနဲ့ ခန္ဓာကိုယ် အချိုးအစား လှပသလို အရပ်အမောင်းလည်း ကောင်းမွန်သူ ဖြစ်ပါတယ်။ ဖခင်ရဲ့ မျိုးရိုးဗီဇမှ ဆင်းသက်လာသော အနောက်တိုင်း အသွင်အပြင်ကြောင့်လည်း လူအများက သတိထားမိခဲ့ကြပြီး ဒီကောင်မလေးကို ချစ်ခင်နှစ်သက်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x